အကြောင်းအရာ။ ။ မြန်မာစစ်အုပ်စု၏ အကြမ်းဖက်မှုစစ်ဆင်ရေးကို အဆုံးသတ်ရန်နှင့် မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများကို အကာအကွယ်ပေးရန်အတွက် လျင်မြန်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် အရေးတကြီး တောင်းဆိုခြင်း။

ဖေ‌ဖော်ဝါရီ 1, 2024
လေးစားရပါသော ဂုဏ်သရေရှိလူကြီးမင်းများရှင့်/ခင်ဗျား

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်

။ မြန်မာစစ်အုပ်စု၏ အကြမ်းဖက်မှုစစ်ဆင်ရေးကို အဆုံးသတ်ရန်နှင့် မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများကို အကာအကွယ်ပေးရန်အတွက် လျင်မြန်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် အရေးတကြီး တောင်းဆိုခြင်း။

လေးစားရပါသော ဂုဏ်သရေရှိလူကြီးမင်းများရှင့်/ခင်ဗျား

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာစစ်အုပ်စု၏ အာဏာသိမ်းရေးကြိုးပမ်းမှု သုံးနှစ်ပြည့်ချိန်တွင် မိမိတို့အရပ်ဘက်လူထုအဖွဲ့အစည်း ၄၆၂ ဖွဲ့တို့အနေဖြင့် မြန်မာပြည်သူများအပေါ် ကျူးလွန်နေသည့် စစ်အုပ်စု၏ အကြမ်းဖက်မှုစစ်ဆင်ရေးများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ (United Nations Security Council – UNSC) မှ တုံ့ပြန်ရာတွင် ထိရောက်မှုမရှိနေခြင်းနှင့် အရေးယူဆောင်ရွက်မှု ကင်းမဲ့နေခြင်းအပေါ် အလွန်အမင်း စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ UNSC အနေဖြင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ၎င်း၏ လုပ်ပိုင်ခွင့်အာဏာနှင့်အညီ ဆောင်ရွက်ပြီး မြန်မာစစ်အုပ်စုအပေါ် ခိုင်မာသော အရေးယူဆောင်ရွက်မှုများ ချမှတ်ရန် မိမိတို့မှ အရေးတကြီး တိုက်တွန်းတောင်းဆိုလိုက်သည်။ အဆိုပါ ဆောင်ရွက်ချက်များသည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုကြီးများ၏ ဆိုးရွားပြင်းထန်မှု အတိုင်းအတာအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးမှ UNSC အား မြန်မာနိုင်ငံ၏ အကျပ်အတည်းကို အရေးယူ ဆောင်ရွက်ရေး အစီအမံချက်များထဲမှ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (International Criminal Court – ICC) သို့ လွှဲပြောင်းပေးရန် တောင်းဆိုချက်ကို ထင်ဟပ်ရမည် ဖြစ်သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် တစ်နှစ်ပြည့်သွားခဲ့ပြီးဖြစ်သော UNSC က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ သည် မြန်မာစစ်တပ်၏ ဆယ်စုနှစ်များစွာချီကြာ ရက်စက်ကြုမ်းကြုတ်မှုများ ကျူးလွန်ပြီး နောက်ပိုင်းတွင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယင်းမှာ အချိန်အလွန်နှောင်းပြီးမှ ဖြစ်ပေါ်လာခြင်းဖြစ်ရုံသာမက ယင်းဆုံးဖြတ်ချက်ကို ချမှတ်ပြီးချိန်ကတည်းက ပိုမိုအရှိန်မြင့်လာနေသော စစ်အုပ်စု၏ လူမျိုးသုဥ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ နှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများကို ကာကွယ်တားဆီးရေးအတွက် ခိုင်မာသော တိုးတက်ဖြစ်ထွန်းမှု တစ်စုံတရာမျှ မရှိသည်ကို တွေ့ရှိရသည်။

၎င်း ဆုံးဖြတ်ချက်ကို ချမှတ်ပြီးချိန်မှစ၍ စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၉၀၉ ကြိမ် လုပ်ဆောင်ခဲ့ပြီး[1] ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူ ၃၆၄ ဦးကျော်ကို သေဆုံးစေခဲ့ပြီး နေအိမ်ပေါင်း အနည်းဆုံး ၈၀,၀၀၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ပြီးခဲ့သောနှစ်အတွင်း စစ်အုပ်စုသည် ကျေးရွာများ၊ မြို့များ၊ စစ်ဘေးရှောင်စခန်းများ၊ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူများ ခိုလှုံနေသည့် သာသနိကနယ်မြေနှင့် အဆောက်အဦးများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများအပေါ် ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ခြင်းဖြင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများကို ပိုမိုပစ်မှတ်ထား လုပ်ဆောင်လာသည်မှာ ငြင်းနိုင်ဖွယ်ရာ မရှိပေ။ အာဏာသိမ်းရန်ကြိုးပမ်းချိန်မှစ၍ စစ်အုပ်စုသည် အနည်းဆုံး လူပေါင်း ၄,၄၅၀ ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၂၅,၉၀၀ ကျော်ကို ဖမ်းဆီးခဲ့ကာ ၎င်းတို့အနက် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်း ၁၉,၉၀၀ ကျော်ကို အကျဥ်းချထားဆဲ ဖြစ်သည်။ လူမဆန်သောအခြေအနေများ၊ လူ့ဂုဏ်သိက္ခာထိပါးသည့် ဆက်ဆံမှု၊ ညှဥ်းပန်း နှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာနှင့် လိင်စိတ်ခံယူမှုအခြေပြု အကြမ်းဖက်မှု၊ နှင့် တရားလက်လွတ်သတ် ဖြတ်မှုများမှာ စစ်အုပ်စုထိန်းချုပ်ထားသော ထောင်နှင့် အချုပ်အနှောင်စခန်းများတွင် နေရာမလပ် ဖြစ်ပွားနေဆဲ ဖြစ်သည်။

ထို့အပြင် UNSC က မြန်မာနိုင်ငံအတွင်းရှိ အခြေအနေများသည် ရိုဟင်ဂျာများအတွက် ဘေးကင်း လုံခြုံစွာဖြင့် မိမိဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေးအတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်နေသည်ဟု ထုတ်ဖော်ပြာကြားနေသည့်တိုင် စစ်အုပ်စုသည် ရိုဟင်ဂျာများ နေရပ်ပြန်ရေး စမ်းသပ်စီမံကိန်းကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများ၏ အများသဘောတူညီမှုဖြင့် ချမှတ်ခဲ့သည့် UNSC ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ သည် မြန်မာစစ်အုပ်စုအား ယင်းကဲ့သို့သော နေရပ်ပြန်ရေးစီမံချက်မျိုးကို ဖော်ဆောင်နိုင်သည့် အစိုးရတစ်ရပ် သို့မဟုတ် နယ်မြေထိန်းချုပ်နိုင်သည့် (de facto) အာဏာပိုင်တစ်ရပ်အဖြစ် အသိအမှတ်ပြုထားခြင်း မရှိပေ။ ရိုဟင်ဂျာများကို ကုန်လမ်းကြောင်းမှဖြစ်စေ၊ ပင်လယ်မှဖြစ်စေ အတင်းအဓမ္မ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှု ဖြစ်ပွား စေခဲ့သည့် အကြမ်းဖက်မှုလုပ်ရပ်များကို ရခိုင်ပြည်နည် အပါအဝင် နိုင်ငံတစ်ဝန်းတွင် တရားမဝင် မြန်မာစစ်အုပ်စုက ဆက်လက်လုပ်ဆောင်နေချိန်တွင် ရိုဟင်ဂျာများအတွက် ရေရှည်တည်တံ့ပြီး ဘေးကင်း လုံခြုံမှုရှိသော ဂုဏ်သိက္ခာရှိသည့် နေရပ်ပြန်နိုင်ရေးမှာ မဖြစ်နိုင်သောကိစ္စရပ်ပင် ဖြစ်သည်။ ၂၀၂၃ ခုနှစ်သည် အသေအပျောက်အများဆုံးနှစ် အဖြစ်မှတ်တမ်းတင်ခံရမှုနှင့်အတူ ၂၀၁၄ ခုနှစ်မှစ၍ ပင်လယ်ပြင်ကို ဖြတ်ကျော်ထွက်ခွာကြသည့် ရိုဟင်ဂျာများ အတွက်

Read more Eng | MM