၂၈ ကြိမ်မြောက် အာရှပစိဖိတ်ဖိုရမ်၏ နှစ်စဥ်အထွေထွေအစည်းအဝေးနှင့် နှစ်နှစ် တစ်ကြိမ်ကျင်းပပြုလုပ်သည့် ညီလာခံသို့ တက်ရောက်ရန် စစ်အုပ်စု၏ လက်အောက်ခံ MNHRC အား ဖိတ်ကြားသည့်ကိစ္စ

စက်တင်ဘာ 18, 2023

သို့

ဖိုရမ်ကောင်စီ၊​အာရှပစိဖိတ်ဖိုရမ် (APF)

အာရှပစိဖိတ်ဖိုရမ်စီမံကွပ်ကဲရေးကော်မတီ၊ အာရှပစိဖိတ်ဖိုရမ် (APF)

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၊ ၁၈ ရက်

အကြောင်းအရာ။ ။ ၂၈ ကြိမ်မြောက် အာရှပိဖိတ်ဖိုရမ်၏ နှစ်စဉ်အထွေထွေအစည်းအဝေးနှင့် နှစ်နှစ်တစ်ကြိမ်ကျင်းပပြုလုပ်သည့် ညီလာခံသို့ တက်ရောက်ရန် စစ်အုပ်စု၏ လက်အောက်ခံ MNHR အား ဖိတ်ကြားသည့်ကိစ္စ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၊​၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ၂၈ ကြိမ်မြောက် အာရှဖိစိတ်ဖိုရမ် (APF) ၏ နှစ်စဉ်အထွေထွေအစည်းအဝေးနှင့် နှစ်နှစ်တစ်ကြိမ် ကျင်းပပြုလုပ်မည့် ညီလာခံသို့ တက်ရောက်ရန် မြန်မာစစ်အုပ်စု၏ မြန်မာစစ်အုပ်စု၏ လက်အောက်ခံ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အ*ရေးကော်မရှင် (MNHRC) အား APF မှ ဖိတ်ကြားခဲ့သည့်ပေါ် မိမိတို့ လွတ်လပ်သောနိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများအလုပ်အဖွဲ့ (မြန်မာ) (အတိုကောက် “ အလုပ်အဖွဲ့” ) အနေဖြင့် ကန့်ကွက်သည်ကို ဤစာရေးသား၍ အသိပေးလိုက်ပါသည်။ APF အနေဖြင့် MNHRC အပေါ် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့၏ အရည်အသွေးသတ်မှတ်ရေးဆပ်ကော်မတီ (GANHRI-SCA) ၏ အထူးစိစစ်သုံးသပ်မှု ရလဒ် မထွက်ပေါ်ခင်အထိ MNHRC အား လာမည့် ၂၈ ကြိမ်မြောက် APF ၏ နှစ်စဉ်အထွေထွေအစည်းအဝေးနှင့် နှစ်နှစ်တစ်ကြိမ်ကျင်းပသည့် ညီလာခံသို့ MNHRC အား ဖိတ်ကြားထားမှုကို ပြန်လည်ရုပ်သိမ်းရန် မိမိတို့မှ အခိုင်အမာ တောင်းဆိုသည်။

Email: WG_NHRI@protonmail.com / Facebook: https://www.facebook.com/WGonNHRIBurma

Download ENG PDF: MM PDF: