၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်များ

မတ် 5, 2024

အသံအဖွဲ့မှာ ရရှိထားသောအချက်အလက်များအရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၁၆ ရက်နေ့တွင် ညနေပိုင်းအထိ MyTel ဖုန်းလိုင်းများကို အသုံးပြုနိုင်ခဲ့သော်လည်း၊ ၁၇ ရက်နေ့မှ စတင်ကာ ဖုန်းခေါ်ဆိုနိုင်ရန် ဖုန်းလိုင်းများသာမက၊ အင်တာနက်လိုင်းများအပါအဝင် အိမ်သုံး Wifi အင်တာနက် များပါ ဖြတ်တောက်ထားသည်ကို လေ့လာတွေ့ရှိရသည်။ 

တဖက်တွင်လည်း စစ်ကိုင်းတိုင်းရှိ လွတ်လွတ်ခံထားရသည့် ကောလင်းမြို့နယ်ကို အကြမ်းဖက်စစ်တပ်မှ အင်အားအလုံးအရင်း အသုံးပြု၍ ထိုးစစ်ဆင်တိုက်ခိုက်နေသကဲ့သို့၊ ထိုစစ်ဆင်ရေရည်ရွယ်ချက်ဖြင့်  ကောလင်းဒေသအတွင်းတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို တချိန်တည်းတွင် ဖြတ်တောက်ထားသည်ဟု သိထားရသည်။ ထို့အပြင် Myanmar Internet Project ၏ ဖော်ပြချက်များအရ ကလေးမြို့တောင်ဘက်ခြမ်းတွင်လည်း မိုဘိုင်းဖုန်းလိုင်းများ ယခုလ ၂၁ ရက်နေ့မှစတင်၍ ပြတ်တောက်နေသည်ဟု သိရှိရသည်။ 

တွေ့ရှိချက်များအရ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်ဒေသတွင် ဇန်နဝါရီလ အစောပိုင်းမှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးခဲ့သည့်အတွက်ကြောင့် ဖေဖော်ဝါရီလ (၃) ရက်နေ့မှစ၍ ဖုန်းနှင့် အင်တာနက်လိုင်းများအား ဖြတ်တောက်ထားခဲ့ပြီး၊ ဖေဖေါ်ဝါရီလ (၈) ရက်နေ့ရောက်မှသာ ဆက်သွယ်ရေးလိုင်းများ ပြန်လည်ချိတ်ဆက်အသုံးပြုနိုင်သည်ဟု သိရသည်။ 

အင်တာနက်ဖြတ်တောက်ခံရသည့် အကြောင်းရင်းများ

ဖေဖေါ်ဝါရီလအတွင်း အင်တာနက်ဖြတ်တောက်ထားခြင်း၏ အဓိကအကြောင်းရင်းမှာ တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ဖြစ်သည်ကို တွေ့ရသည်။ ဥပမာ – အကြမ်းဖက်စစ်အုပ်စု၏ လက်စွဲတခုဖြစ်သည့် ဖြတ်လေးဖြတ်နည်းဗျူဟာကို တိုက်ပွဲများ ပြင်းထန်နေသည့်  ရခိုင်ဒေသ၌ ဆက်လက်ကျင့်သုံးနေလျက်ရှိပြီး ဒေသခံပြည်သူများအား သတင်းအချက်အလက်စီးဆင်းမှုကို ဖုံးကွယ်ထိန်ချန်နိုင်ရန်နှင့် တော်လှန်ရေးလုပ်ငန်းများနှင့် ချိတ်ဆက်မှုများကို ဖြတ်တောက်နိုင်ရန်အတွက် ရည်ရွယ်ရှိရှိ ဖိနှိပ်နေသည်မှာ ထင်ရှားလှသည်။ အကြမ်းဖက်စစ်တပ်မှ ရခိုင်ပြည်နယ်တဝှမ်း ဆက်သွယ်ရေးလိုင်းဖြတ်တောက်ခြင်းဖြင့် သတင်းအမှောင်ချရန်ပြီး ကုန်သွယ်လေးလမ်းကြောင်းများအား စနစ်တကျဖြတ်တောက်ထားခြင်း၊ ဆေးဝါနှင့် အစာရေစာ ဖြတ်တောက်ရန် ကြိုးပမ်းလျက်ရှိသည်။ 

အင်တာနက်ဖြတ်တောက်ခံရခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်

ယခုလ၏ နောက်ဆုံးကောက်ယူထားသည့် အချက်အလက်များ၏ ဖော်ပြချက်များအရ ရခိုင်ဒေသတွင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသည့်အတွက် ဒေသတွင်း သတင်းစီးဆင်းမှုမှာ ရပ်တန့်လျက်ရှိပြီး ပြည်သူများအနေဖြင့် သတင်းမှန်ရရှိရင် အလွန်ခက်ခဲကြောင်း သိရှိရသည်။ ထို့အပြင်နောက်ဆက်တွဲ အကျိူးဆက်များအနေဖြင့် ဘဏ်လုပ်ငန်းများနှင့် အင်တာနက်အား အခြေပြုလုပ်ကိုင်နေရသည့် ငွေလွှဲလုပ်ငန်းများအပြင်၊ အွန်လိုင်း ဝန်ဆောင်မှုလုပ်ငန်းများပါ ရပ်တန့်လုနီးပါး အခြေအနေသို့ရောက်ရှိနေကြောင်း သိရှိရသည်။

အင်တာနက်ဆက်လက်ဖြတ်တောက်ခံထားရဆဲ မြို့နယ်များ