အမှောင်ခေတ်အတွင်းမှ သတင်းများရေးသားထုတ်ပြန်ခြင်း မြန်မာပြည်၏ သတင်းစာရပ်ဝန်းနှင့် မီဒီယာ

ဇန်နဝါရီ 31, 2024

ဤ ၂၀၂၃ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာသတင်းထောက်များ၏ လုံခြုံရေးနှင့်ပတ်သက်၍ အဓိကဖြစ်ပေါ်ပြောင်းလဲနေသည့် အချက်များ၊ ထူးခြားဖြတ်စဉ်များနှင့် မီဒီယာဖွံ့ဖြိုးမှုလုပ်ဆောင်ချက်များကို ဆွေးနွေးတင်ပြသွားမည်ဖြစ်သည်။ အထူးသဖြင့် အစီရင်ခံစာ၏ ပထမ အပိုင်းတွင် ၂၀၂၃ ခုနှစ်၏ နောက်ဆုံးသုံးလပတ် (အော်တိုဘာလ-ဒီဇင်ဘာ)အတွင်း ဖြစ်ပွားခဲ့သော ဖြစ်ရပ်များကို လေ့လာစီစစ်သုံးသပ်ပြီး အဓိကထား ထည့်သွင်းဖော်ပြသွားမည်ဖြစ်ပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် ဖြစ်ပွားခဲ့သည့် အာဏာသိမ်းသည့်နေ့မှစတင်၍ မြန်မာစစ်တပ်သည် လွတ်လပ်သည့် သတင်းမီဒီယာများနှင့် အခြားသော လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများကို အဆက်မပြတ် ဖိနှိပ်နေခြင်းများကို တွေ့ရပါသည်။ မြန်မာနိုင်ငံအတွင်းရှိ သတင်းထောက်များနှင့် Citizen Journalist များက လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများဆက်လက်ရှင်သန်ရန်အတွက် အသက်အန္တရာယ်ခြိမ်းခြောက်မှုများနှင့် အခက်အခဲများစွာကြားမှ ဆက်လက်၍ သတင်းများကို ရေးသားပေးဖို့ တင်ဆက်လျက်ရှိကြသည်။

လွန်ခဲ့သည့် သုံးနှစ်တာ ကာလွန်အတွင်းတွင် မြန်မာစစ်တပ်သည် မီဒီယာအပါအတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့်ကို စနစ်တကျ ကန့်သတ်ရန်အတွက် နည်းစနစ်များကို တည်ဆောက်ခဲ့ကြပြီး ထိုနည်းစနစ်များအထဲတွင် “ ဥပဒေ” များကို အသုံးချ၍ မမှန်မကန် တရားစီရင်ခြင်းများ၊ သတင်းမီဒီယာလုပ်ငန်းများ၏ ပုံနှိပ်ခွင့်များနှင့် လုပ်ငန်းလိုင်စင်များကို ဖျက်သိမ်းခြင်း၊ (အွန်လိုင်းအပါအဝင်) ပုံစံနည်းစနစ်မျိုးစုံကို အသုံးပြု၍ သတင်းမီဒီယာများနှင့် သတင်းထောက်များကို ဖိနှိပ်ကန့်သတ်အရေးယူခြင်းများနှင့် မြန်မာစစ်တပ်ကို ထောက်ခံသည့် ဝါဒဖြန့်မီဒီယာများနှင့် ထောက်ပံ့သူများမှ တဆင့် တိုက်ခိုက်ထိုးနှက်ခြင်းများကိုလည်း လုပ်ဆောင်ခဲ့သည့်ကို တွေ့ရှိရသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်တွင် ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN) မှ သတင်းထောက် ခင်မောင်ဦးသည် ကချင်ပြည်နယ်မြောက်ပိုင်းရှိ မိုးညှင်းမြို့နယ်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက်တွင် သတ်ဖြတ်ခြင်းကိုပါ ခံလိုက်ရသည့်အကြောင်းကို ဒေသအခြေစိုက်သတင်းများအရ သိရသည်။

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်သည် ၂၀၀၉ ခုနှစ်တွင် စစ်တပ်နှင့် အပစ်အခတ် လက်မှတ်ထိုးထားသော ကချင်-ဒီမိုကရက်သစ် တပ်မတော်မှ ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ခင်မောင်ဦး၏ သေဆုံးမှုကို ဒေသသတင်းရင်းမြစ်များတွင် အတိပြုထားပြီးဖြစ်သော်လည်း ၎င်း၏ သေဆုံးမှုအတွက် မည်သည့်အစုအဖွဲ့မှ တာဝန်ရှိသည်ကို လက်ရှိအချိန်အထိ သိရှိရခြင်း မရှိသေးပါ။

၎င်း၏ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခဲဲ့သည့် The 74 Media သတင်းဌာနမှ ရေးသားဖော်ပြထားသည်မှာ
ခင်မောင်ဦးသည် အခင်းဖြစ်ပွားသည့် အချိန်တွင် ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်ယက်၏ ဝန်ထမ်းတဦး မဟုတ်တော့သည့်အကြောင်း ရေးသားထားသည်။
အခင်းဖြစ်ပွားသည့်

Read more Eng | MM