၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေအနေ အစီရင်ခံစာ

စက်တင်ဘာ 9, 2019

သတင်းမီဒီယာများ တရားစွဲဆိုခံရမှု

၂၀၁၉ ခုနှစ်၊ ပထမ ၆ လတွင်း သတင်းရယူမှု၊ ဖော်ပြမှု၊ ဖြန့်ဝေမှုများကြောင့် သတင်းထောက်များ၊ အယ်ဒီတာများ တရားစွဲဆိုခံရမှု ၈ မှု ရှိပြီး စုစုပေါင်း သတင်းသမား ၁၁ ဦး တရားစွဲဆိုခံခဲ့ရသည်။

သတင်းစွဲဆိုသူများ

သတင်းမီဒီယာများတရားစွဲဆိုခံရမှု ၈ မှုတွင် တပ်မတော်က တရားစွဲဆိုမှု ၃ မှု ပါဝင်သည်။ ရဲတပ်ဖွဲ့က တရားစွဲဆိုသူ ၂ မှု ပါဝင်ပြီး အဆိုပါ ၂ မှုအနက် တစ်ခုမှာ အထူးရဲတပ်ဖွဲ့ (Special Branch) u တရားစွဲဆိုထားခြင်းဖြစ်သည်။ စီးပွားရေးလုပ်ငန်းအား သတင်းဖော်ထုတ်ရေးသားခဲ့သည့် သတင်းသမား ၃ ဦးကို လုပ်ငန်းရှင်က တရားစွဲဆိုမှုလည်း ရှိသည်။

တရားစွဲဆိုသည့် ပုဒ်မ များ

တရားစွဲဆိုသည့် ပုဒ်မ များ သတင်းသမားများကို တရားစွဲဆိုရာတွင် ဆက်သွယ်ရေး ဥပဒေကို အသုံးပြုမှုအများဆုံးဖြစ်သည်။ တပ်မတော်က အပါအဝင်က အဘက်ဘက်က တရားစွဲဆိုရာတွင် သတင်းမီဒီယာဥပဒေနှင့်အညီ တရားစွဲဆိုခြင်းမပြုခဲ့သည်ကို တွေ့ရှိရပါသည်။

ဆက်သွယ်ရေး ဥပဒေဖြင့် တရားစွဲဆိုခံရမှုများ

လအလိုက် တရားစွဲဆိုခံခဲ့မှုများ

၂၆ မှု၊ ၄၀ ဦး

ယခုနှစ်၏ ပထမ ၆ လတာကာလအတွင်း ဆက်သွယ်ရေး ဥပဒေကို အသုံးပြုကာ တရားစွဲဆိုမှုများ ၂၆ မှု ရှိခဲ့ပြီး တရားစွဲဆိုခံရသူ ၄၀ ဦး ရှိခဲ့ပါသည်။

အမြင့်ဆုံးပြစ်ဒဏ်

အမြင့်ဆုံးပြစ်ဒဏ် ဒေသအရေး တက်ကြွလှုပ်ရှားသူ ဦးဆောင်ဆန်းဦးအား ၎င်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ကို အွန်လိုင်းတွင် ဝေဖန်ရေးသားခဲ့သဖြင့် ဥပဒေ၏ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်သောထောင်ဒဏ် ၂ နှစ်ကျခံရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

နိုင်ငံရေးဝေဖန်မှု

အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများကို အွန်လိုင်းတွင် ဝေဖန်ရေးသားသဖြင့် တရားစွဲခံရမှုမှာ အမြင့်ဆုံးဖြစ်သည်။ အရပ်သားပြည်သူများ၊ တက်ကြွလှုပ်ရှားသူများနှင့် သတင်းမီဒီယာတို့သည် အများဆုံးတရားစွဲဆိုခံခဲ့ရသသည်။

Download Eng & MM PDF:

%d bloggers like this: