၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ဖုန်းနှင့် အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်များ
ကချင်ပြည်နယ်၊ မြို့နယ်အားလုံး (Blackout)
ဂျူလိုင်လ (၂၁) ရက်နေ့မှစ၍ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အများစု၌ ဖုန်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေသည်မှာ (၁) လတာကြမြင့်လာခဲ့ပြီးဖြစ်ပါသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၄) ရက်နေ့မှစ၍ မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း၊ မိုးမောက်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်၏တပ်ရင်း ရှစ်ခုအနက် နောက်ဆုံးကျန်ရှိသည့် မြို့စောင့်တပ် ခမရ (၄၃၇) တပ်ရင်းအား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုသာမက စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ မြို့နယ်အချို့တွင်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်လျက်ရှိသည်။ အင်တာနက်လိုင်းများ ပြတ်တောက်နေသည့်ကာလအတွင်း မြစ်ကြီးနားမြို့နယ်၌ အကြမ်းဖက်စစ်တပ်အဖွဲ့ဝင်များက လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုများပြုလုပ်နေသည်ဟုလည်း သိရသည်။
ရှမ်းမြောက် (Blackout)
ရှမ်းပြည်နယ် မြောက်ဘက်ရှိ နမ္မတူ၊ မန်တုံနဲ့ နမ့်ဆန်မြို့နယ်များမှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၅) ရက်နေ့မှစ၍ ဩဂုတ်လ (၆) ရက်နေ့အထိ (၁၃) ရက် ကြာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ လုံးဝ ပြတ်တောက်နေသည်ဟု သိရသည်။ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ မိုးမိတ် စတဲ့မြို့နယ်များ၌ ဆက်သွယ်ရေးလိုင်းများအားလုံး ပြတ်တောက်နေသည့်အတွက် K-Pay အသုံးပြုသူများမှာ ၎င်းတို့ account များအား Log in ဝင်မရတော့ပဲ ငွေသွင်း၊ငွေထုတ်ရန်အတွက် အခက်အခဲများ ကြုံတွေ့နေကြရသည်။
လားရှိုးမြို့၌လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်မှုကြောင့် လားရှိုး-သိန္နီကြား (၁၂) မိုင်တွင် ဒေသခံများ သွားရောက်အသုံးပြုနေကြရသည်ဟု သိရှိရပြီး ၎င်းနေရာတွင် အင်တာနက်လိုင်းချိတ်ဆက်အသုံးမပြုနိုင်ခြင်းမရှိဘဲ ဖုန်းခေါ်ဆိုမှုတမျိုးတည်းသာ ပြုလုပ်နိုင်သည်။
စစ်ကိုင်းတိုင်း (Blackout)
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်တခုလုံးအား သြဂုတ်လ (၁၈) ရက်နေ့မှစ၍ ဒေသတွင်း လက်နက်ကိုင်အဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် ပြန်လည် ဆုတ်ခွာထားကာ အင်းတော်ဘက်တွင် တိုက်ပွဲ ပြင်းထန်နေကြောင်းသိရသည်။ စစ်ကိုင်းတိုင်းဒေသ အထက်ပိုင်းမှ အင်းဝောာ်တွင် တိုက်ပွဲပြင်းထန်နေသညည့်အတွက် မန္တလေး – မြစ်ကြီးနား လမ်းကို ဩဂုတ်လ (၁၆) ရက်နေ့မှစ၍ သွားလာခွင့် ပိတ်ထားသည်ဟု ဒေသခံများမှ သိရသည်။ အင်းတော်ဘက်တွင် ဖုန်းလိုင်းများ ပြတ်ဝောာက်လျက်ရှိပြီး ကားလမ်းတလျှောက် ကုန်တင်ကားအများအပြားနှင့် ခရီးသွားကားများပိတ်မိနေပြီး ဆက်သွယ်၍ မရကြောင်း ဒေသခံများထံမှ သိရသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနား (Restore)
လေ့လာတွေ့ရှိချက်များအရ ဆက်သွယ်ရေးလိုင်းများပြတ်နေသည့် သီတင်းပတ်နှစ်ပတ်ကျော်ခန့်အကြာတွင် မြစ်ကြီးနားမြို့၏ ရပ်ကွက်အချို့၌ MPT ဖုန်းလိုင်း ပြန်လည်အသုံးပြုနိုင်သည်ဟုသိရသည်။ ဒေသခံများ၏ ပြောကြားချက်များအရ မြစ်ကြီးနားမြို့မှ MPT တာဝါတိုင်၊ MPT ရုံးနှင့် မြို့တော်ခန်းမကဲ့သို့ နေရာများ၌ MPT ဖုန်းလိုင်းဆက်သွယ်လို့ရသော်လည်း ဖုန်းပြောရာတွင် ကြည်လင်ပြတ်သားခြင်းမရှိဟု သိရှိရသည်။ MPT နည်းတူ ဩဂုတ် (၂၀) ရက်နေ့တွင် Ooredoo ဖုန်းလိုင်းသည်လည်း ပြန်လည်ချိတ်ဆက်အသုံးပြုနိုင်သည်ဟု သိရှိရပြီး Mytelနဲ့ Atom ဖုန်းလိုင်းများမှာ ယခုအချိန်ထိ ပြန်လည်အသုံးမပြုနိုင်သေးပါ။
ရှမ်းမြောက် (လားရှိုး) Restore
လားရှိုးမြို့တွင် တစ်လကြာခန့်ပြတ်တောက်သွားသည့် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဆက်သွယ်ရေးလိုင်းများတချို့ ပြန်လည်ချိတ်ဆက်အသုံးပြုနိုင်သည်ဟု သိရသည်။ လာရှိုးမြို့ဒေသခံများ၏အဆိုအရ ဆက်သွယ်ရေးလိုင်းများ ပြန်လည်အသုံးပြုနိုင်သည်ဟုဆိုသော်လည်း တစ်မြို့လုံးအတိုင်းအတာအရ အသုံးပြုနိုင်ခြင်းမရှိသေးဘဲ ပါရမီလမ်းထိပ်၊ ရပ်ကွက် ၁ ရုံး၊ မုခ်ဦး၊ မင်းကြီးကဖေး စတဲ့နေရာမှာ MPT နဲ့ MyTel လိုင်း နှစ်မျိုးအား ချိတ်ဆက် အသုံးပြုနိုင်ကြောင်း သိရှိရသည်။ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးဆိုင်ရာတာဝန်ရှိသူများ နှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ ယခုရက်ပိုင်းအတွင်း လားရှိုးမြို့ရှိ ရပ်ကွက်တချို့တွင် Mytel ဖုန်းလိုင်းများ ပြန်လည်ချိတ်ဆက်အသုံးပြုနိုင် ရတော့မှာ ဖြစ်ကြောင်း သိရသည်။နောက်ဆက်တွဲသတင်းများအရ ရှမ်းမြောက်မှ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ သီပေါ၊ မိုးမိတ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဖုန်းလိုင်း မရသေးဘဲ နောင်ချိုမှာတော့ တယ်လီနော(ATOM) ဖုန်းလိုင်း ရပြီးတော့ ကျောက်မဲမှာ CDMA ဖုန်းလိုင်း ရနေပါတယ်။
(၂) ဖုန်းနှင့် အင်တာနက်ဖြတ်တောက်ခံရသည့် အကြောင်းရင်းများ
လေ့လာသုံးသပ်ချက်များအရ အထက်ဖော်ပြပါမြို့နယ်များတွင် ဖုန်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေရသည့် အဓိက အကြောင်းရင်း (၃) ချက်ကြောင့်ဖြစ်ပြီး ၎င်းတို့မှာ
- အကြမ်းဖက်စစ်တပ်နှင့် ဒေသခံတော်လှန်ရေးတပ်များကြား တိုက်ပွဲများပြင်းထန်လာခြင်း
- တိုက်ပွဲများပြင်းထန်လာခြင်းမှ အစပြု၍ လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများအားပိတ်ထားပြီး ဖြတ်သန်းသွားလာခွင့်မပြုခြင်းကြောင့် ဒေသတွင်းရှိ ဖုန်းတာဝါတိုင်များလည်ပတ်နိုင်ရန် စက်သုံးဆီပြတ်လပ်နေခြင်း
- ဒေသတွင်း (ရက်ရှည်) လျှပ်စစ်မီးပြတ်တောက်နေခြင်း တို့ကြောင့်ဟု လေ့လာသိရှိရသည်။
(၃) နောက်ဆက်တွဲ အကျိုးဆက်များ
ကောက်ယူရရှိထားသည့် အချက်အလက်များအရ ဆက်သွယ်ရေးဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့်ဒေသများတွင် တိုက်ပွဲများပြင်းထန်လျက်ရှိပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ကျုးလွန်နေကြောင်းသိရှိရသည်။ ထိုစစ်ရေးတင်းမာနေသည့်ဒေသများ၌ ဆက်သွယ်ရေးလိုင်းများပြတ်တောက်နေသောကြောင့် သတင်းအချက်အလက်ရရှိရန် ခက်ခဲနေကြပြီး တဖက်တွင်လည်း လျှပ်စစ်မီးများပါ ပြတ်တောက်နေသည့်အတွက် ဒေသခံပြည်သူများ၏ နေထိုင်စားသောက်ရေးမှာ အလွန်ခက်ခဲနေကြကြောင်း လေ့လာတွေ့ရှိရသည်။
ထို့အပြင် ဖုန်းလိုင်းများပြတ်တောက်ခြင်း၏ နောက်ဆက်တွဲအဖြစ် သက်ဆိုင်ရာမိုဘိုင်းဖုန်းနံပါတ်များနှင့် ချိတ်ဆက်အသုံးပြုနေသည့် (Banking) မိုဘိုင်းဘဏ်အကောင့်များမှာ (Sign in/Log in မရ) အသုံးပြုနိုင်ခြင်းမရှိပဲ နည်းပညာပိုင်းဆိုင်ရာချို့ယွင်းချက်များ ဖြစ်ခဲ့ပြီး ငွေသွင်း၊ငွေထုတ်ပေးသည့် ဆိုင်များသည်လည်း အင်တာနက်လိုင်း မရသည့်အတွက် ငွေသွင်း၊ငွေထုတ် လုပ်ငန်းများ ရပ်နားထားကြရသည်ဟု သိရသည်။ ဖုန်းလိုင်းများ ပြတ်တောက်နေသည့်အတွက်ကြောင့် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးခြင်းများနှင့် လေကြောင်းပစ်ခတ်မှုများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ မရရှိနိုင်ကြပေ။
(၄) အခြားဆက်စပ်သတင်းများ
ကချင်ပြည်နယ်၊ ဖားကန့် (Alternative Network)
ဖားကန့်ဒေသခံအမျိုးသမီးတစ်ဦး၏ အဆိုအရ ဖားကန့်ကျောက်စိမ်းတွင်းဒေသ၌လည်း ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသည့် ကာလအတောအတွင်း IP star နှင့် Starlink တပ်ဆင်ထားသည့် နေရာများနှင့် ဆိုင်များတွင် သွားရောက် အသုံးပြုနေကြရပြီး ၎င်းစက်များ တပ်ဆင်ထားသည့်ဆိုင်များ၌ အင်တာနက်အသုံးပြုနိုင်ရန် တန်းစီစောင့်ဆိုင်းရသည့်အပြင် အင်တာနက်အသုံးပြုခမှာ တစ်နာရီ ကျပ်သုံးသောင်းဝန်းကျင်ခန့် ပေးချေ၍ အသုံးပြုနေရသည်ဟု သိရသည်။
မန္တလေးတိုင်း၊ မိုးကုတ် Alternative Network
ဖုန်းနှင့် အင်တာနက်ဆက်သွယ်ရေးလိုင်းများ နှစ်လကြာပြတ်တောက်နေခဲ့သည့် မန္တလေးတိုင်း မိုးကုတ်မြို့အား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)မှ (၁၀၂၇) တကြော့ပြန် ဒုတိယလှိုင်း စစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်တပ်လက်အောက်မှ ပြန်လည်တိုက်ယူ သိမ်းပိုက်ပြီးနောက် ဩဂုတ်လ (၂၉) ရက်နေ့တွင် ဂြိုလ်တုအင်တာနက်လိုင်းအား တပ်ဆင်၍ ဒေသခံပြည်သူများအား အသုံးပြုခွင့်ပြုထားသည်ဟု သိရသည်။ လက်ရှိတွင် အင်တာနက်အသုံးပြုခ တနာရီ (၅၀၀၀) ကျပ်ခန့်ပေး၍ အသုံးပြုနေရကြောင်း ဒေသခံများထံမှ သိရသည်။ TNLA သည် မိုးကုတ်မြို့အုပ်ချုပ်ရေးပိုင်းအား ထိန်းချုပ်ထားသော်လည်း မြေပြင်အုပ်ချုပ်ရေးပိုင်း၌ အဆင်မပြေမှုများရှိနေကြောင်း မြို့ခံအချို့၏ ပြောဆိုချက်များအရ သိရသည်။
ရှမ်းမြောက် (နမ္မတူ၊ နမ့်ဆန်နဲ့ မန်တုံမြို့) Alternative Network
(၁၀၂၇) စစ်ဆင်ရေး ဒုတိယလှိုင်းစတင်ပြီးနောက် ရှမ်းမြောက်တွင် ဆက်သွယ်ရေးလိုင်းများ လုံးဝ ပြတ်တောက်သွားခဲ့သည့်အတွက် နမ္မတူနှင့် မန်စံကျေးရွာအုပ်စုများတွင် တစ်နာရီကို ငွေကျပ် ၅ ထောင်နှုန်းဖြင့် အင်တာနက်လိုင်း ဝယ်သုံးနေကြရသည်ဟု သိရသည်။
ထို့အပြင် နမ့်ဆန်မြို့နယ်တွင်လည်း တစ်နာရီ ငွေကျပ် ၃ ထောင်နှုန်းနှင့် အင်တာနက် ဝယ်သုံးနေရပြီး Starlink စက်အား တစ်ရက်ကို သုံးကြိမ်နှင့် တကြိမ်လျှင် လူဦးရေ (Drives) အရေအတွက် (၉၀ မှ ၁၀၀ ကြား) သာ အချိန်အကန့်အသတ်ဖြင့် အသုံးပြုနိုင်သည်ဟု သိရသည်။ ဆက်စပ်သတင်းများအရ သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့နယ်များ၏ နေရာအများစုတွင် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်နေသည်ဟု ဒေသခံတွေဆီက သိရသည်။
ရှမ်းမြောက် (လားရှိုး)
အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည့် လားရှိုးမြို့တွင် ဆက်သွယ်ရေး အဆင်ပြေစေရန် ဩဂုတ်လ (၄) ရက်နေ့မှစ၍ လားရှိုး ရပ်ကွက် (၁) ပါရမီလမ်း၊ ‘ဝ’ ဆက်ဆံရေးရုံး၌ ဒေသခံ ပြည်သူများအား ဂြိုဟ်တု WIFI အခမဲ့ လာရောက်အသုံးပြုခွင့် ပေးထားသည်။ “ ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်ဖွဲ့ (UWSA)၏ လားရှိုးမြို့နယ် ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းမှ “ မိတ်ဆွေများ မိမိတို့လားရှိုး” ဝ” ဆက်ဆံရေးရုံးသို့ဂြိုလ်တု WIFI လာရောက်အသုံးပြုနိုင်ပါကြောင်း၊ကျန်းမာဘေးကင်းကြပါစေ” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသား၍ ပြည်သူများအား ဖိတ်ခေါ်ခဲ့သည်။
ထို့အပြင် ဩဂုတ်လ (၁၁) ရက်နေ့တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)မှ ဦးဆောင်၍ မြို့တွင်းနေရာတချို့၌ Starlink စက်များတပ်ဆင်ပြီး ဒေသခံပြည်သူမျာအား အခမဲ့ အသုံးပြုခွင့်ပြုခဲ့သည်။ တွေ့ရှိချက်များအရ လာရှိုးမြို့တွင်းရှိ “အောင်” ပုဂ္ဂလိကဆေးရုံပတ်ဝန်းကျင်၊ မန်ဆူရှမ်းဘုန်းကြီးကျောင်း၊ ရပ်ကွက် ၅ ရှိ အောင်မင်္ဂလာစျေးအနီးတို့တွင် နံနက် ၁၀ နာရီမှ ၁၂ နာရီ ၃၀ အထိ၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ အင်တာနက်အခမဲ့ သုံးစွဲခွင့်ပြုထားကြောင်း သိရသည်။လားရှိုးမြို့သည် မြောက်ပိုင်း မဟာမိတ်ညီနောင်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါင်း (၂၀) နီးပါးထဲမှ မည်သူမဆို Starlink အင်တာနက်အား အခမဲ့ အသုံးပြုခွင့်ရသည့် ပထမဆုံးမြို့ ဖြစ်လာခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် MNDAA တာဝန်ရှိသူတစ်ဦးမှ ဆက်သွယ်ရေးလိုင်းတခုဖြစ်သည့် MyTel ဖုန်းလိုင်းအား ဒီလအတွင်း ပြန်လည်ရရှိနိုင်ရန် ဆောင်ရွက်နေတာ ရှိတယ်လို့ သိရသည်။
(၅) ဖုန်းနှင့် အင်တာနက်လိုင်း ဆက်လက်ဖြတ်တောက်ခံထားရဆဲ မြို့နယ်များ
State | Number of township |
Ayeyarwady | 1 |
Bago | 3 |
Chin | 8 |
Kachin | 18 (the whole region) |
Kayah | 5 |
Karen | 1 |
Magway | 4 |
Mandalay | 2 |
Mon | 1 |
Rakhine | 16 |
Sagaing | 28 |
Shan (North) | 13 |
Shan (South) | 3 |
Tanintharyi | 5 |
Total | 108 |
Detail information
State | Township | Type of cases | Start Date |
Ayeyarwady | Pathein | Ph & Inter Blackout | 5/Jan/24 |
Bago (East) | Kyaukkyi | Ph & Inter Blackout | 3/Dec/23 |
Bago (East) | Kyauktaga | Internet Blackout | 1/Dec/23 |
Bago (East) | Yedashe | Internet Blackout | 8/Aug/23 |
Chin | Falam | All Connections Blackout | 25/Nov/23 |
Chin | Hakha | Ph & Inter Blackout | 10/Dec/23 |
Chin | Kanpetlet | Ph & Inter Blackout | 1/Dec/22 |
Chin | Matupi | Ph & Inter Blackout | 15/Jun/24 |
Chin | Paletwa | Ph & Inter Blackout | 17/Jan/24 |
Chin | Tedim | Ph & Inter Blackout | 13/Oct/23 |
Chin | Thantlang | Ph & Inter Blackout | 16/Oct/21 |
Chin | Tonzang | Internet Blackout | 23/Sep/21 |
Kachin | Bhamo | All Connections Blackout | 21/Jul/24 |
Kachin | Chipwi | All Connections Blackout | 21/Jul/24 |
Kachin | Hpakant | All Connections Blackout | 21/Jul/24 |
Kachin | Injangyang | All Connections Blackout | 21/Jul/24 |
Kachin | Khaunglanhpu | All Connections Blackout | 21/Jul/24 |
Kachin | Machanbaw | All Connections Blackout | 21/Jul/24 |
Kachin | Mansi | All Connections Blackout | 21/Jul/24 |
Kachin | Mogaung | All Connections Blackout | 21/Jul/24 |
Kachin | Mohnyin | All Connections Blackout | 21/Jul/24 |
Kachin | Momauk | All Connections Blackout | 21/Jul/24 |
Kachin | Myitkyina | All Connections Blackout | 21/Jul/24 |
Kachin | Nawngmun | All Connections Blackout | 21/Jul/24 |
Kachin | Puta-O | All Connections Blackout | 21/Jul/24 |
Kachin | Shwegu | All Connections Blackout | 21/Jul/24 |
Kachin | Sumprabum | All Connections Blackout | 21/Jul/24 |
Kachin | Tanai | All Connections Blackout | 21/Jul/24 |
Kachin | Tsawlaw | All Connections Blackout | 21/Jul/24 |
Kachin | Waingmaw | All Connections Blackout | 21/Jul/24 |
Kayah | Bawlake | Ph & Inter Blackout | 1/Feb/22 |
Kayah | Demoso | Ph & Inter Blackout | 3/Dec/23 |
Kayah | Hpasawng | Ph & Inter Blackout | 1/Feb/22 |
Kayah | Loikaw | Ph & Inter Blackout | 17/Nov/23 |
Kayah | Mese | Ph & Inter Blackout | 1/Feb/22 |
Kayin | Myawaddy | Ph & Inter Blackout | 6/Apr/24 |
Magway | Gangaw | Ph & Inter Blackout | 15/Jun/24 |
Magway | Pauk | Ph & Inter Blackout | 6/May/24 |
Magway | Taungdwingyi | Internet Blackout | 14/Sep/21 |
Magway | Yesagyo | Ph & Inter Blackout | 28/May/22 |
Mandalay | Mogoke | Ph & Inter Blackout | 27/Jun/24 |
Mandalay | Thabeikkyin | Ph & Inter Blackout | 1/Jul/24 |
Mon | Ye | Internet Blackout | 3/Dec/23 |
Rakhine | Ann | Ph & Inter Blackout | 18/Mar/24 |
Rakhine | Buthidaung | Ph & Inter Blackout | 4/Jan/24 |
Rakhine | Gwa | Ph & Inter Blackout | 16/Jan/24 |
Rakhine | Kyaukpyu | Ph & Inter Blackout | 4/Jan/24 |
Rakhine | Kyauktaw | Ph & Inter Blackout | 4/Jan/24 |
Rakhine | Maungdaw | Ph & Inter Blackout | 4/Jan/24 |
Rakhine | Minbya | Ph & Inter Blackout | 4/Jan/24 |
Rakhine | Mrauk-U | Ph & Inter Blackout | 4/Jan/24 |
Rakhine | Munaung | Ph & Inter Blackout | 16/Jan/24 |
Rakhine | Myebon | Ph & Inter Blackout | 4/Jan/24 |
Rakhine | Pauktaw | Ph & Inter Blackout | 4/Jan/24 |
Rakhine | Ponnagyun | Ph & Inter Blackout | 4/Jan/24 |
Rakhine | Ramree | Ph & Inter Blackout | 4/Jan/24 |
Rakhine | Rathedaung | Ph & Inter Blackout | 4/Jan/24 |
Rakhine | Sittwe | All Connections Blackout | 17/Feb/24 |
Rakhine | Thandwe | Ph & Inter Blackout | 13/Jul/24 |
Sagaing | Ayadaw | Internet Blackout | 5/Jan/23 |
Sagaing | Banmauk | Ph & Inter Blackout | 21/Jul/24 |
Sagaing | Budalin | Internet Blackout | 3/Mar/22 |
Sagaing | Chaung-U | Internet Blackout | 3/Mar/22 |
Sagaing | Homalin | Ph & Inter Blackout | 3/Feb/23 |
Sagaing | Indaw | Ph & Inter Blackout | 21/Jul/24 |
Sagaing | Kale | Ph & Inter Blackout | 4/Apr/24 |
Sagaing | Kalewa | Internet Blackout | 3/Mar/22 |
Sagaing | Kanbalu | Internet Blackout | 5/Jan/23 |
Sagaing | Katha | Ph & Inter Blackout | 21/Jul/24 |
Sagaing | Kawlin | Ph & Inter Blackout | 9/Feb/24 |
Sagaing | Lahe | Internet Blackout | 3/Mar/22 |
Sagaing | Mingin | Internet Blackout | 5/Jan/23 |
Sagaing | Monywa | Internet Blackout | 7/May/23 |
Sagaing | Myaung | Internet Blackout | 11/Sep/21 |
Sagaing | Myinmu | Internet Blackout | 5/Jan/23 |
Sagaing | Pale | Ph & Inter Blackout | 27/October/22 |
Sagaing | Paungbyin | Internet Blackout | 3/Mar/22 |
Sagaing | Pinlebu | Ph & Inter Blackout | 7/Nov/23 |
Sagaing | Sagaing | Internet Blackout | 29/May/22 |
Sagaing | Salingyi | Internet Blackout | 5/Jan/23 |
Sagaing | Tabayin | Internet Blackout | 5/Jan/23 |
Sagaing | Tamu | All Connections Blackout | 15/Mar/24 |
Sagaing | Tigyaing | Ph & Inter Blackout | 21/Jul/24 |
Sagaing | Wetlet | Ph & Inter Blackout | 4/Nov/22 |
Sagaing | Wuntho | Internet Blackout | 3/Mar/22 |
Sagaing | Ye-U | Internet Blackout | 29/May/22 |
Sagaing | Yinmarbin | Internet Blackout | 5/Jan/23 |
Shan (North) | Hseni | Internet Blackout | 29/Oct/23 |
Shan (North) | Hsipaw | Ph & Inter Blackout | 6/Aug/24 |
Shan (North) | Kutkai | Ph & Inter Blackout | 1/Jul/24 |
Shan (North) | Kyaukme | Ph & Inter Blackout | 26/Jun/24 |
Shan (North) | Lashio | Ph & Inter Blackout | 28/Jun/24 |
Shan (North) | Laukkaing | Ph & Inter Blackout | 3/Jul/24 |
Shan (North) | Manton | Ph & Inter Blackout | 1/Jul/24 |
Shan (North) | Mongmit | Ph & Inter Blackout | 24/Jul/24 |
Shan (North) | Muse | Ph & Inter Blackout | 28/Nov/23 |
Shan (North) | Namhkan | Ph & Inter Blackout | 1/Jul/24 |
Shan (North) | Namhsan | Ph & Inter Blackout | 1/Jul/24 |
Shan (North) | Namtu | Ph & Inter Blackout | 1/Jul/24 |
Shan (North) | Nawnghkio | Ph & Inter Blackout | 26/June/24 |
Shan (South) | Hsihseng | Ph & Inter Blackout | 3/Dec/23 |
Shan (South) | Pekon | Ph & Inter Blackout | 29/Nov/23 |
Shan (South) | Pinlaung | Ph & Inter Blackout | 29/Nov/23 |
Tanintharyi | Dawei | Ph & Inter Blackout | 8/May/24 |
Tanintharyi | Kawthoung | Ph & Inter Blackout | 20/Jun/24 |
Tanintharyi | Launglon | Ph & Inter Blackout | 24/May/22 |
Tanintharyi | Tanintharyi | Ph & Inter Blackout | 20/Mar/24 |
Tanintharyi | Thayetchaung | Ph & Inter Blackout | 24/May/22 |