၂၀၂၄ ခုနှစ်​၊ သြဂုတ်လအတွင်း သတင်းမီဒီယာလွတ်လပ်ခွင့် ချိုးဖောက်ခံရမှုများ

စက်တင်ဘာ 17, 2024

၂၀၂၄ ခုနှစ်​၊ သြဂုတ်လအတွင်း သတင်းမီဒီယာလွတ်လပ်ခွင့် ချိုးဖောက်ခံရမှုများ

မတ်လ၊ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရသည့် မှတ်တမ်းရုပ်ရှင်ရုပ်ကူးသူ ဖေမောင်စိမ်းသည် ကယား ပြည်နယ်၊ လွိုင်ကော်မြို့၊ စစ်ဆေးရေးဂိတ်တခု၌ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၏ ရိုက်ကူးရေးတာဝန်ခံဟု စွပ်စွဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး မတရားအသင်းဆက်သွယ်ရေးဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ်သုံးနှ စ်ချမှတ်ခံခဲ့ရပြီးဖြစ်သည်။ ဖမ်းဆီးခံနေရချိန်ကာလများတွင် စစ်တပ်၏ ညှဉ်းပမ်းနှိပ်စက်မှုများကြောင့်  ခါးရိုးထိခိုက်ဒဏ်ရာနှင့် နံရိုးကျိုးကာ အရိုးတီဘီရောဂါဖြင့် လွိုင်ကော်ထောင်အောက်ပိုင်းသေသွားကြောင်း The Irrawaddy သတင်းဌာနမှ ရေးသားခဲ့သည်။ စစ်တပ်သည် ၎င်းတို့လက်ချက်ကြောင့် ရောဂါအခြေအနေဆိုးရွားလာသည်ကို သိပြီးဖြစ်၍ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး သြဂုတ်လ၊ ၁၆ ရက်နေ့တွင် လွှတ်ပေးခဲ့သည်။ သို့ရာတွင် စစ်တပ်နှိပ်စက်ရိုက်နှက်ခဲ့သည့် ပြင်းထန်ဒဏ်ရာများကို ရန်ကုန်မြို့ ဆာကူရာဆေးရုံတွင် ကုသရင်း သြဂုတ်လ ၁၉ ရက်နေ့၌ပင် ကွယ်လွန်သွားခဲ့သည်။

စစ်တပ်သည် ရက်စက်ကြမ်းကြုတ်စွာ ညှဉ်းပမ်းနှိပ်စက်ပြီး ထိရောက်ကောင်းမွန်သည့် ဆေးဝါးကုသခွင့်မပေးခဲ့သောကြောင့် နောက်ထပ်မီဒီယာသမားတဦးအသက် ဆုံးရှုံးခဲ့ရပြန်ပြီဖြစ်သည်။ ၎င်းမသေဆုံးမှီ ချန်ထားခဲ့သည့် သူ၏အနုပညာလက်ရာများနှင့် မှတ်တမ်းရုပ်ရှင်များသည် မြန်မာပြည်၏ ပကတိလူမှုစီးပွား၊ နိုင်ငံရေးအဖြစ်အပျက်များကို ပြောပြထင်ဟပ်နေသည့် သမိုင်းအဖြစ်ထင်ကျန်နေမည်ဖြစ်သည်။ ကိုဖေမောင်စိမ်းသည် အာဏာသိမ်းပြီးချိန်မှစ၍ ပထမဆုံးညှဉ်းပမ်းသတ်ဖြတ်ခံရသည့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူဖြစ်သည်။

ကျိုက်ထိုမြို့နယ်တွင် နေအိမ်ဝင်စီးခံရပြီး ပစ်သတ်ခံလိုက်ရသည့် သတင်းသမားနှစ်ဦး

လက်ပြကျေးရွာ၊ ကျိုက်ထိုမြို့၊ မွန်ပြည်နယ်တွင် သြဂုတ်လ ၂၁ ရက်နေ့ ၂၀၂၄ ခုနှစ်၌ အလွတ်တန်းသတင်းထောက် ထက်မြတ်သူ၏ နေအိမ်အား ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တပ်ဖွဲ့ဝင်များခိုအောင်းနေကြောင်း သတင်းပေးလိုက်သည့်အတွက် အင်အားအလုံးအရင်းဖြင့် နေအိမ်ကို ဝင်စီးကာ DVB နှင့် The Nation Voice သတင်းဌာနတို့၏ နိုင်ငံသားသတင်းထောက်ဖြစ်သူ ဝင်းထွဋ်ဦးနှင့် အလွတ်တန်းသတင်းထောက် ထက်မြတ်သူတို့အပါအဝင် လေးဦးပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း RFA သတင်းအရ သိရသည်။ ထက်မြတ်သူသည် The Voice of Thanbyuzayat သတင်းတိုက်၌ စစ်တပ်အာဏာသိမ်းချိန် ဆန္ဒပြပွဲများတွင် သတင်းရယူရင်း ခြေထောက်အားကျည်ထိမှန်ခါ ဖမ်းဆီးခံရကာ ရာဇသတ်ကြီးဥပဒေပုဒ်မ 505A ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသေးသည်။ သြဂုတ်လတလအတွင်းတွင်ပင် သတင်းထောက် သုံးဦးအထိသတ်ဖြတ်ခံခဲ့ရပြီး ယနေ့အချိန်အထိ အမျိုးသားသားသတင်းထောက် ၁၁ ဦးအထိ သတ်ဖြတ်ခံခဲ့ရသည်။

သေဆုံးသတင်းထောက်များစာရင်း

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း ညှဉ်းပမ်းနှိပ်စက်ခံရမှုများကြောင့် သတင်းသမားနှင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူအမျိုးသားဦးရေ ၁၁ ဦးအထိ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရပြီးဖြစ်သည်။ ယခုနှစ် ၂၀၂၄ ခုနှစ် သြဂုတ်လကုန်အထိ သတင်းမီဒီယာသမား ငါးဦးအထိသေဆုံးခဲ့ပြီး ပြီးခဲ့သည့်နှစ်များဖြင့်စာလျှင် အများဆုံးဖြစ်နေသည်ကို တွေ့ရသည်။

YearMaleFemaleTotal
202122
202211
202333
202455

Monitoring Media Repression in Myanmar

Journalists and media workersAugust 2024FemaleMaleTotal since the 2021 attempted coup to as of July 2024)
Arrested26185211
In detention/serving jail sentences 45155
Released1* 22133155
Died3* 1111
Convicted 126476*
Warranted 84856
News and other licenses
News licenses cancelled   15
Printing/publishing permits revoked   11

* မှတ်ချက်။ ကိုဖေမောင်စိမ်းသည် မတ်လ၊ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးခံရပြီး သြဂုတ်လ ၂၀၂၄ မှသိရသည်။ ၎င်းကို ၁၆ သြဂုတ် ၂၀၂၄ မှာ လွှတ်ပေးသဖြင့် released စာရင်းတွင် ထည့်သွင်းကောက်ယူထားပြီး၊ လွတ်မြောက်လာအပြီး သုံးရက်အလွန်တွင် ဆုံးပါးသွားရသဖြင့်လည်း Died စာရင်းတွင် ထည့်တွက် ကောက်ယူထားသည်။ ထို့အပြင် ကိုဖေမောင်စိမ်းအား မတရားအသင်း ၁၇(၁) ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရသည့်အတွက် Convicted စာရင်းတွင်လည်း တယောက်ထပ်တိုး ရေတွက်ထားသည်။