၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း ဖုန်းနှင့် အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်များ

ဩဂုတ် 13, 2024

၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း ဖုန်းနှင့် အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်များ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်

အသံအဖွဲ့၏ ယခုဇွန်လအတွင်း ကောက်ယူရရှိခဲ့သည့် သတင်းအချက်အလက်များအရ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ဖုန်းလိုင်းများပြတ်တောက်နေပြီး Ooredoo ဖုန်းလိုင်းတစ်လိုင်းသာ ကွန်ရက်ချိတ်ဆက်ပုံပေါ်နေသော်လည်း ဆက်သွယ်မရကြောင်းသိရှိရသည်။ ဒေသခံတဦး၏ပြောကြားချက်အရ ပူတာအိုခရိုင်တွင်  MPT နှင့် Mytel ဖုန်းလိုင်းများသည် စက်သုံးဆီပြတ်လပ်မှုကြောင့်ဟုဆိုကာ ပြီးခဲ့သည့် မေလ ပထမသီတင်းပတ်မှစတင်ကာပြတ်တောက်ခဲ့ပြီး ဖုန်းလိုင်းများပြတ်တောက်နေသည်မှာ တစ်လကျော်ခန့်ကြာမြင့်နေပြီဖြစ်သည်။

ယခုလ (၈) ရက်နေ့ သတင်းများအရ  ပူတာအိုတွင် Ooredoo ဖုန်းလိုင်းတမျိုးသာပေါ်နေပြီး ဖုန်းဆက်သွယ်မရပဲ အင်တာနက်လိုင်းသာအသုံးပြုနိုင်သည်ဟု လေ့လာတွေ့ရှိရသည်။ ထို့အပြင် ဇွန်လ (၂၀) ရက်နေ့တွင် ဖုန်းလိုင်းအားလုံးပြတ်တောက်သွားခဲ့ပြီး ပူတာအိုတမြို့နယ်လုံးတွင် MEC (CDMA) ဖုန်းလိုင်းတမျိုးတည်းသာ အသုံးပြုနိုင်တော့သည်။ လယ်ယာလုပ်ကိုင်သူ ပူတာအိုဒေသခံတဦး၏ပြောကြားချက်အရ လိုင်းရရှိသည့် ထို MEC (CDMA) ဖုန်းကဒ်များမှာ လက်ရှိအချိန်တွင် ဝယ်ယူရန်ခက်ခဲနေကြောင်း သိရသည်။  လက်ရှိမြစ်ကြီးနားမြို့တွင် MEC (CDMA) တစ်ကဒ်လျှင်လေးသောင်းကျပ်ခန့်ရှိပြီး ပူတာအိုမြို့တွင် ခြောက်သောင်းခွဲခန့်ပေးဝယ်ရသည်။ ဖုန်းလိုင်းများပြတ်တောက်နေသော်လည်း ဝိုင်ဖိုင်အင်တာနက်လိုင်းများ ဆက်လက်အသုံးပြုနိုင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့

အာရက္ခတပ်တော် (AA) မှ ထိုးစစ်ဆင်တော့မည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် Mytel နှင့် ATOM ဖုန်းလိုင်းနှစ်ခုသာရရှိသည့် တောင်ကုတ်မြို့နယ်တွင် ယနေ့ ဇွန်လ (၁၂) ရက်နေ့ မနက်ပိုင်းမှစ၍ Mytel ဖုန်းလိုင်းနှင့်လျှပ်စစ်မီးများ တဆက်တည်းပြတ်တောက်သွားခဲ့သည်ဟု သိရသည်။ Mytel ဖုန်းလိုင်းများ စတင်ပြတ်တောက်သွားပြီးနောက် (၁၁) ခန့်အကြာတွင် ဖုန်းလိုင်းများပြန်လည်အသုံးပြုနိုင်သော်လည်း လျှပ်စစ်မီးမှာ ဆက်လက်ပြတ်တောက်နေဆဲဖြစ်ကြောင်း လေ့လာသိရှိရသည်။

ချင်းပြည်နယ်နှင့် မကွေးတိုင်းအနောက်ခြမ်း

ယခုလအတွင်း မြို့သိမ်းတိုက်ပွဲများဖြစ်ပွားနေသည့် ချင်းပြည်နယ်နှင့် မကွေးတိုင်းအနောက်ခြမ်းရှိ ဒေသများအား အကြမ်းဖက်စစ်တပ်မှ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ထားကြောင်းသိရသည်။ ချင်းညီနောင်နှင့်မဟာမိတ်တပ်များမှ စစ်ဆင်ရေးဖော်ဆောင်ပြီးနောက် ချင်းပြည်နယ်၊ မတူပီမြို့နယ်နှင့် မကွးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း ဇွန်လ (၁၅) ရက်နေ့၌ ဖုန်းလိုင်များစတင်ပြတ်တောက်သွားခဲ့သည်။  အကြမ်းဖက်စစ်တပ်မှ ဒေသတွင်းပြည်သူများကြား လေကြောင်းတိုက်ခိုက်မှုသတင်းပေးပို့နိုင်ခြင်း မရရှိစေရန်အတွက် ယခုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ ဖုန်းလိုင်းများဖြတ် တောက်ထားခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ မှတ်ချက်ပြုကြသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့

ပြီးခဲ့သော ဧပြီလမှစတင်ကာ ကရင်ပြည်နယ်၊ မြဝတီမြို့၌ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် MPT၊ Ooredoo နှင့် Atom အစရှိသည့် ဖုန်းလိုင်းနှင့်အင်တာနက်လိိုင်းများ ၎င်းဒေသ၌ ပြတ်တောက်သွားခဲ့ပြီး ယခုဇွန်လ (၂၀) ရက်နေ့တွင် ဖုန်းလိုင်းများ ပြန်လည်အသုံးပြုနိုင်သည်ကို သိရှိရသည်။ သို့သော်လည်း ဒေသခံပြည်သူများ၏ပြောကြားချက်များအရ မြဝတီမြို့၌ ပြည်တွင်းဖုန်းလိုင်းများပြန်လည် အသုံးပြနိုင်သော်လည်း အင်တာနက်လိုင်းများမှာ ဆက်လက်ပြတ်တောက်နေဆဲဖြစ်ပြီး လက်ရှိတွင် ဒေသခံ (စစ်ဘေးရှောင်)ပြည်သူများအနေဖြင့် အိမ်နီးချင်းထိုင်းနိုင်ငံမှ wireless Broadband  လိုင်းများကို အဓိကအားထား၍ အသုံးပြုနေရကြောင်း သိရသည်။

လေ့လာတွေ့ရှိချက်များအရ အများစုသည်  ထိုင်းပြည်တွင်းသုံး ဖုန်းဆင်းကဒ်များဝယ်ယူ၍ ထိုင်းအော်ပရတာမှ လိုင်းဖမ်းယူရရှိနိုင်သည့်နေရာ၌(နယ်စပ်) အသုံးပြုလျက်ရှိပြီး အချို့သည် ထိုင်းနိုင်ငံဘက်မှ wireless Broadband အား လစဥ်ကြေးပေး၍ ဝယ်ယူသုံးစွဲနေကြသည်။ လက်ရှိတွင် ထိုင်းဖုန်းလိုင်းများ မိသည့်နေရာများဖြစ်သည့် သောင်‌ရင်းမြစ်ကမ်းတောက်လျှောက်ရှိရပ်ကွက်များတွင် သွားရောက်အသုံးပြုကြပြီး မြဝတီမြို့နေရာအများစုတွင်‌ ဖုန်းလိုင်းမမိသည့် အခက်အခဲဖြင့်ကြုံတွေ့နေရကြောင်း ဒေသခံများထံမှသိရသည်။

တနင်္သာရီတိုင်း၊ ကော့သောင်း

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ လူသုံးများတဲ့ MPT ဖုန်းနှင့် အင်တာနက်ဆက်သွယ်ရေးလိုင်းများ (၂၀) ရက်နေ့မှစ၍ ပြတ်တောက်နေသည်ဟု သိရသည်။ ကော့သောင်းမြို့နယ်၌ ယခုအကြိမ် MPT ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသည်မှာ တပတ်နီးပါးခန့် ကြာမြင့်နေပြီဟု ဇွန်လ (၂၆) ရက်နေ့ DVB သတင်းဌာန၏ ဖော်ပြချက်များအရ သိရှိရပြီး မည်သည့်အကြောင်းအရင်းကြောင့် ပြတ်တောက်နေသည်ကိုမူ မသိရပေ။ 

ယခင်က ကော့သောင်း၌ ဖုန်းလိုင်းပြတ်တောက်မှုများရှိခဲ့သော်လည်း ယခုကဲ့သို့ တပတ်နီးပါးကြာသည်အထိ ဖုန်းလိုင်းပြတ်တောက်ခြင်းမျိုးမရှိပဲ နေ့တပိုင်းလောက်အထိသာ ဖုန်းလိုင်းသုံးမရသည့် အခြေအနေမျိုးသာ ကြုံတွေ့ဖူးသည်ဟု ဒေသခံများ၏ပြောကြာချက်များအရ သိရှိရသည်။

လက်ရှိတွင် ကော့သောင်း၌ MPT ဖုန်းလိုင်းတစ်ခုသာ ပြတ်တောက်နေခြင်းဖြစ်ပြီး အခြားဆက်သွယ်ရေး အော်ပရေတာတွေဖြစ်သည့် Mytel ၊ Ooredoo နဲ့ ATOM (Telenor) ဆင်းကတ်များအား ပြောင်းလဲ အသုံးပြုနေကြသည်ဟု သိရသည်။

မိုးကုတ်မြို့၊ ကျပ်ပြင်မြို့

အပစ်အခတ်ရပ်ဆဲထားသည့် အာဏာသိမ်းစစ်တပ်နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား ယခုဇွန်လ (၂၅) ရက်နေ့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး မိုးကုတ်မြို့၊ ကျပ်ပြင်မြို့မရဲစခန်းအနီးတွင် (၂၆) ရက်နေ့ မနက် (၈း၀၀) နာရီဝန်းကျင်မှ စတင်၍ တိုက်ပွဲများပြင်းထန်နေခဲ့ပြီး ညနေပိုင်းတွင် ပစ်ခတ်သံမျာငြိမ်သက်သားခဲ့သည်ဟု ဒေသခံများထံမှ သိရှိရသည်။ ဇွန်လ (၂၇) ရက်နေ့၌ မိုးကုတ်မြို့၊ ကျပ်ပြင်မြို့မ ရဲစခန်းဝန်းအတွင်းမှ အဆောက်အဦးတချို့ မီးလောင်ခဲ့ပြီးနောက် MPT ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်သွားခဲ့သည်။ ဇွန် (၃၀) ရက်နေ့ စံတော်ချိန်သတင်းဌာန၏ ဖော်ပြချက်များအရ ပြီးခဲ့သည့် (၂၇) ရက်နေ့တွင် မိုးကုတ်မြို့အနောက်ပိုင်း၌ တိုက်ပွဲများပြင်းထန်လာခဲ့ပြီးနောက် MPT ဖုန်းလိုင်းအပြင် Ooredoo ဖုန်းလိုင်းများ ပြတ်တောက်သွားခဲ့ပြီး (၃၀) ရက်နေ့တွင် Mytel နှင့် ATOM ဖုန်းလိုင်းများပါ ဆက်လက်ပြတ်တောက်ခဲ့သည်ဟု သိရသည်။ တဖက်တွင်လည်း အကြမ်းဖက်စစ်တပ်နှင့် TNLA တို့ကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိနေသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့/ နောင်ချို

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ (၂၆) ရက်နေ့မှ စတင်ကာ ဒေသတွင်းဖုန်းလိုင်းများမှာတည်ငြိမ်မှုမရှိတော့ပဲ ဆက်သွယ်မှုပြုလုပ်ရာတွင် ယခင်ကဲ့သို့မဟုတ်ပဲ ခက်ခဲမှုများ ကြုံတွေ့နေရပြီး နောင်ချိုမြို့တွင်လည်း ထိုရက်ပိုင်းအတွင်မှစ၍ ATOM ဖုန်းလိုင်းမှ လွဲပြီး ကျန်အခြားဖုန်းလိုင်းများ အားလုံးပြတ်တောက်နေသည်ဟု Myanmar Internet Project အဖွဲ့၏ ဖော်ပြချက်များအရသိရသည်။

ရှမ်းပြည်နယ်၊ လားရှိုး

ရှမ်းပြည်နယ်မြောက်ဘက်ပိုင်းတွင် တည်ရှိသည့် မြို့နယ်အများစုတွင် လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများပြတ်တောက်နေကြောင်း သိရှိရသည်။  လျှပ်စစ်မီးပြတ်တောက်နေသည့် မြို့များမှာ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် မိုးမိတ် အစရှိသည့် မြို့များဖြစ်သည်။ လားရှိုးတွင်မူ ဇွန်လ (၂၈) ရက်နေ့မှ စတင်ကာ  လျှပ်စစ်မီးအပြင် ဖုန်းလိုင်းများပါ  ပြတ်တောက်သားသည်ဟု သိရသည်။ 

လားရှိုးမြို့ပေါ်တွင် နေထိုင်လျက်ရှိသည့် ပြည်သူများအနေဖြင့် လျှပ်စစ်မီး မရရှိသောကြောင့် (စက်သုံးဆီ) ဓာတ်ဆီများကို ဆီဆိုင်များ၌ အလုအယက် ဝယ်ယူနေကြ​ရသည်ကို တဆက်တည်း လေ့လာတွေ့ရှိရသည်။

(၂) ဖုန်းနှင့် အင်တာနက်ဖြတ်တောက်ခံရသည့် အကြောင်းရင်းများ

လေ့လာသုံးသပ်ချက်များအရ အထက်ဖော်ပြပါမြို့နယ်များတွင် ဖုန်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေရသည့် အဓိက အကြောင်းရင်း (၃) ချက်ကြောင့်ဖြစ်ပြီး ၎င်းတို့မှာ

  • အကြမ်းဖက်စစ်တပ်နှင့် ဒေသခံတော်လှန်ရေးတပ်များကြား တိုက်ပွဲများပြင်းထန်လာခြင်း 
  • တိုက်ပွဲများပြင်းထန်လာခြင်းမှ အစပြု၍ လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများအားပိတ်ထားပြီး ဖြတ်သန်းသွားလာခွင့်မပြုခြင်းကြောင့် ဒေသတွင်းရှိ ဖုန်းတာဝါတိုင်များလည်ပတ်နိုင်ရန် စက်သုံးဆီပြတ်လပ်နေခြင်း
  • ဒေသတွင်း (ရက်ရှည်) လျှပ်စစ်မီးပြတ်တောက်နေခြင်း တို့ကြောင့်ဟု လေ့လာသိရှိရသည်။

(၃) နောက်ဆက်တွဲ အကျိုးဆက်များ

ကောက်ယူရရှိထားသည့် အချက်အလက်များအရ ဆက်သွယ်ရေးဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့်ဒေသများတွင် တိုက်ပွဲများပြင်းထန်လျက်ရှိပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ကျုးလွန်နေကြောင်းသိရှိရသည်။ ထိုစစ်ရေးတင်းမာနေသည့်ဒေသများ၌ ဆက်သွယ်ရေးလိုင်းများပြတ်တောက်နေသောကြောင့် သတင်းအချက်အလက်ရရှိရန် ခက်ခဲနေကြပြီး တဖက်တွင်လည်း လျှပ်စစ်မီးများပါ ပြတ်တောက်နေသည့်အတွက် ဒေသခံပြည်သူများ၏ နေထိုင်စားသောက်ရေးမှာ အလွန်ခက်ခဲနေကြကြောင်း လေ့လာတွေ့ရှိရသည်။ 

ထို့အပြင် ဖုန်းလိုင်းများပြတ်တောက်ခြင်း၏ နောက်ဆက်တွဲအဖြစ် သက်ဆိုင်ရာမိုဘိုင်းဖုန်းနံပါတ်များနှင့် ချိတ်ဆက်အသုံးပြုနေသည့် (Banking) မိုဘိုင်းဘဏ်အကောင့်များမှာ (Sign in/Log in မရ) အသုံးပြုနိုင်ခြင်းမရှိပဲ နည်းပညာပိုင်းဆိုင်ရာချို့ယွင်းချက်များ ဖြစ်ခဲ့သည်။

(၄) အခြားဆက်စပ်သတင်းများ

  • အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းယူပြီးနောက်ပိုင်း အင်တာနက်ပေါ်၌ သတင်းစီးဆင်းမှုနှင့် ပြည်သူများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အား ရပ်တန့်နိုင်စေရန် ရွည်ရွယ်ချက်ဖြင့် ဆိုရှယ်မီဒီယာပလတ်ဖောင်းတချို့နှင့် ဝက်ဆိုက်ဒ်များအား အဆင့်မြင့်နည်းပညာအသုံးပြု၍ ပိတ်ပင်ခဲ့ခြင်းများ ပြုလုပ်လာသည်ကို သိရှိကြပြီးဖြစ်ပါလိမ့်မည်။ တဖက်တွင်လည်း ပြည်သူများအနေဖြင့် ပိတ်ဆို့ခံထားရသည့် အင်တာနက်လူမှု့ကွန်ယက်စာမျက်နှာများနှင့် ဝန်ဆောင်မှုများအား ဝင်ရောက်အသုံးပြုနိုင်ရန် VPN (Virtual private network) များအား တဆင့်ခံအသုံးပြုခဲ့ကြရသည်။ VPN applications များ တဆင့်ခံ၍အသုံးပြုရခြင်းမှာ အတိုင်းအတာတခုအထိ အဆင်ပြေမှုများရှိခဲ့သော်လည်း အင်တာနက်မြန်နှုန်းမှာ ယခင်ကထက် သိသိသာသာကျဆင်းသွားသည်အား မငြင်းဆိုနိုင်ပေ။ သုံးသပ်ချက်များအရ  ထိုနှောင်းကာလများ၌ အကြမ်းဖက်စစ်တပ်မှ မြန်မာပြည်သူများ၏ လူ့ရပိုင့်ခွင့်နှင့် အခွင့်အရေးအား နည်းလမ်းမျိုးစုံအသုံးပြု၍ ဆက်တိုက်ချိုးဖောက်နေခဲ့သည့်တိုင် တာဝန်ရှိအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အပြုသဘောဆောင်ပြီး ထိရောက်သည့်တုံ့ပြန်မှုများ ဆောင်ရွက်ရာတွင် အားစိုက်ထုတ်မှု လွန်စွာနည်းပါးလွန်းခဲ့သောကြောင့် ယခု (၂၀၂၄) ခုနှစ်၊ မေလအကုန် ဇွန်လအစောပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ ပိတ်ပင်ထားသော အင်တာနက်စာမျက်နှာများနှင့် ဝန်ဆောင်မှုများထံရောက်ရှိရန် (ဝင်ရောက်အသုံးပြုနိုင်ရန်) ကျော်ဖြတ်ရာတွင် အသုံးပြုသည့် VPN များကိုပါ ထပ်မံပိတ်ဆို့ရန် ကြိုးစားလာခဲ့သည်။ လေ့လာတွေ့ရှိချက်များအရ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အမိန့်ဖြင့် မြန်မာနိုင်ငံတွင် Facebook, Instagram, X, WhatsApp နှင့် VPN ဝန်ဆောင်မှုများကို မေလအကုန်တွင် ပိတ်ပင်လိုက်ကြောင်း မြန်မာ့အော်ပရေတာများဖြစ်သည့် MPT, Ooredoo, Atom နှင့် စစ်တပ်ကျောထောက်နောက်ခံပြု Mytel သာမကာ ဖိုက်ဘာအင်တာနက် ဝန်ဆောင်မှုများမှ ထုတ်ဖော်ပြောကြားလာခဲ့ကြောင်း သိရသည်။(၂၀၂၁) ခုနှစ်နှောင်းပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိပါပဲ VPN သုံးစွဲသည့် မည်သူ့ကိုမဆို ဆိုက်ဘာလုံခြုံရေး ဥပဒေအရ အပြစ်ပေးမည်ဟု မူကြမ်းရေးဆွဲခဲ့ဖူးသော်လည်း ထိုဥပဒေအား ပြဋ္ဌာန်းထားခြင်းမရှိသေးပေ။ သို့သော်လည်း အထက်တွင်ဖော်ပြခဲ့သည့် သတင်းထွက်ပေါ်ခဲ့ပြီးနောက်တွင် အကြမ်းဖက်စစ်တပ်လက်အောက်ခံများက လမ်းသွား၊လမ်းလာ ပြည်သူများ၏ မိုဘိုင်းဖုန်းများအား အာဏာအလွဲသုံးစားပြု၍ VPN Apk များအား ကြုံသလို စစ်ဆေးမှုများရှိနေခဲ့ပြီး ပြည်သူများ၏ ဖုန်းအတွင်း၍ VPN Apk အား တွေ့ရှိပါက မတရားဒဏ်ငွေတောင်းခံခြင်းများကို ဆက်တိုက်ကျုးလွန်လာကြောင်းသိရသည်။ 
  • ဇွန်လ (၂၈) ရက်နေ့တွင် ထိုင်းနိုင်ငံနယ်စပ် တာဝန်ရှိသူများမှ မြန်မာနိုင်ငံဘက်သို့ တရားမဝင်ခိုးသွယ်ထားသည့် အင်တာနက်လိုင်းကြိုးများအား ရှာဖွေသိမ်းဆည်းခဲ့သည်။ ၎င်းအကြောင်းအရာနှင့် ဆက်လျဉ်း၍ မြန်မာ-ထိုင်းနယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံ၊ ဖုတ်ဖမြို့၊ ကျောက်ခက်ရွာဥယျဉ်ခြံတခုမှ မြဝတီမြို့တောင်ဘက် ဖလူးကျေးရွာဘက်သို့ မြေအောက်မှသွယ်တန်းထားသည့် အင်တာနက်လိုင်းကြိုးများကို ထိုင်းစစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးဌာန တာဝန်ရှိသူများက တွေ့ရှိသိမ်းဆည်းခဲ့သည်ဟု ထိုင်းစစ်တပ်နဲ့ နီးစပ်သူတဦးမှ DVB သတင်းဌာနအား ပြောဆိုခဲ့သည်ဟုသိရသည်။ အဆိုပါအင်တာနက်ကြိုးများသည် မြန်မာနိုင်ငံနယ်စပ်ဒေသမှ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) အတွက် သွယ်တန်းထားသည်ဟု ယူဆထားကြသည်။ ထိုင်းတာဝန်ရှိသူများက ထိုတရက်တည်း မြန်မာ-ထိုင်းနိုင်ငံနယ်စပ် (၅) နေရာမှ သွယ်တန်းထားသည့် အင်တာနက်ကြိုးများအား ရှာဖွေတွေ့ရှိခဲ့ပြီး သွယ်တန်းထားသူများအား ဖမ်းဆီးနိုင်ခြင်း မရှိသေးဟု ကနဦးသိရသည်။
  • ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များ၌ အရက္ခတပ်တော် (AA) နှင့် အကြမ်းဖက်စစ်တပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများအား အကြမ်းဖက်စစ်တပ်မှ ပိတ်ထားခဲ့သည့်အတွက် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိကျောင်းသူ/သားများ အနေဖြင့် ဇွန်လ (၁၁) ရက်နေ့၊ မနက်(၄)နာရီ ကတည်းက ထွက်ရှိခဲ့သည့် စနစ်သစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ယခု (၁၃) ရက်နေ့အထိ သူတို့အောင်မြင်သလား၊ ကျရှုံးသလားဆိုသည်ကို မသိရှိရသေးပေ။

(၅) ဖုန်းနှင့် အင်တာနက်လိုင်း ဆက်လက်ဖြတ်တောက်ခံထားရဆဲ မြို့နယ်များ

StateTownshipType of CasesStart Date
AyeyarwadyPatheinPh & Inter Blackout5/Jan/24
Bago (East)KyaukkyiPh & Inter Blackout3/Dec/23
Bago (East)KyauktagaInternet Blackout1/Dec/23
Bago (East)YedasheInternet Blackout8/Aug/23
ChinFalamAll Connections Blackout25/Nov/23
ChinHakhaPh & Inter Blackout10/Dec/23
ChinKanpetletPh & Inter Blackout1/Dec/22
ChinMatupiPh & Inter Blackout15/Jun/24
ChinPaletwaPh & Inter Blackout17/Jan/24
ChinTedimPh & Inter Blackout13/Oct/23
ChinThantlangPh & Inter Blackout16/Oct/21
ChinTonzangInternet Blackout23/Sep/21
KachinBhamoAll Connections Blackout1/Mar/24
KachinHpakantAll Connections Blackout1/Mar/24
KachinMogaungAll Connections Blackout1/Mar/24
KachinMohnyinAll Connections Blackout1/Mar/24
KachinMyitkyinaPh & Inter Blackout28/May/24
KachinTanaiAll Connections Blackout1/Mar/24
KachinWaingmawAll Connections Blackout1/Mar/24
KayahBawlakePh & Inter Blackout1/Feb/22
KayahDemosoPh & Inter Blackout3/Dec/23
KayahHpasawngPh & Inter Blackout1/Feb/22
KayahLoikawPh & Inter Blackout17/Nov/23
KayahMesePh & Inter Blackout1/Feb/22
KayinMyawaddyPh & Inter Blackout6/Apr/24
MagwayGangawPh & Inter Blackout15/Jun/24
MagwayPaukPh & Inter Blackout6/May/24
MagwayTaungdwingyiInternet Blackout14/Sep/21
MagwayYesagyoPh & Inter Blackout28/May/22
MandalayMogokePh & Inter Blackout27/Jun/24
MandalayThabeikkyinPh & Inter Blackout5/Mar/24
MonYeInternet Blackout3/Dec/23
RakhineAnnPh & Inter Blackout18/Mar/24
RakhineButhidaungPh & Inter Blackout4/Jan/24
RakhineGwaPh & Inter Blackout16/Jan/24
RakhineKyaukpyuPh & Inter Blackout4/Jan/24
RakhineKyauktawPh & Inter Blackout4/Jan/24
RakhineMaungdawPh & Inter Blackout4/Jan/24
RakhineMinbyaPh & Inter Blackout4/Jan/24
RakhineMrauk-UPh & Inter Blackout4/Jan/24
RakhineMunaungPh & Inter Blackout16/Jan/24
RakhineMyebonPh & Inter Blackout4/Jan/24
RakhinePauktawPh & Inter Blackout4/Jan/24
RakhinePonnagyunPh & Inter Blackout4/Jan/24
RakhineRamreePh & Inter Blackout4/Jan/24
RakhineRathedaungPh & Inter Blackout4/Jan/24
RakhineSittweAll Connections Blackout17/Feb/24
RakhineThandwePh & Inter Blackout15/May/24
SagaingAyadawInternet Blackout5/Jan/23
SagaingBanmaukInternet Blackout3/Mar/22
SagaingBudalinInternet Blackout3/Mar/22
SagaingChaung-UInternet Blackout3/Mar/22
SagaingHomalinPh & Inter Blackout3/Feb/23
SagaingIndawPh & Inter Blackout30/Jul/22
SagaingKalePh & Inter Blackout4/Apr/24
SagaingKalewaInternet Blackout3/Mar/22
SagaingKanbaluInternet Blackout5/Jan/23
SagaingKathaInternet Blackout3/Mar/22
SagaingKawlinPh & Inter Blackout9/Feb/24
SagaingLaheInternet Blackout3/Mar/22
SagaingMinginInternet Blackout5/Jan/23
SagaingMonywaInternet Blackout7/May/23
SagaingMyaungInternet Blackout11/Sep/21
SagaingMyinmuInternet Blackout5/Jan/23
SagaingPalePh & Inter Blackout27/October/22
SagaingPaungbyinInternet Blackout3/Mar/22
SagaingPinlebuPh & Inter Blackout7/Nov/23
SagaingSagaingInternet Blackout29/May/22
SagaingSalingyiInternet Blackout5/Jan/23
SagaingTabayinInternet Blackout5/Jan/23
SagaingTamuAll Connections Blackout15/Mar/24
SagaingWetletPh & Inter Blackout4/Nov/22
SagaingWunthoInternet Blackout3/Mar/22
SagaingYe-UInternet Blackout29/May/22
SagaingYinmarbinInternet Blackout5/Jan/23
Shan (North)HseniInternet Blackout29/Oct/23
Shan (North)KyaukmePh & Inter Blackout9/Mar/24
Shan (North)KyaukmePh & Inter Blackout26/Jun/24
Shan (North)LashioPh & Inter Blackout28/Jul/24
Shan (North)LaukkaingPh & Inter Blackout3/Nov/23
Shan (North)MongmitPh & Inter Blackout18/Jan/24
Shan (North)MusePh & Inter Blackout28/Nov/23
Shan (North)NamtuPh & Inter Blackout27/Dec/23
Shan (North)NawnghkioPh & Inter Blackout26/June/24
Shan (South)HsihsengPh & Inter Blackout3/Dec/23
Shan (South)PekonPh & Inter Blackout29/Nov/23
Shan (South)PinlaungPh & Inter Blackout29/Nov/23
TanintharyiDaweiPh & Inter Blackout8/May/24
TanintharyiKawthoungPh & Inter Blackout20/Jun/24
TanintharyiLaunglonPh & Inter Blackout24/May/22
TanintharyiTanintharyiPh & Inter Blackout20/Mar/24
TanintharyiThayetchaungPh & Inter Blackout24/May/22