မြန်မာနိုင်ငံ၏ သတင်းသမားများနှင့် သတင်းမီဒီယာလွတ်လပ်မှု အခြေအနေ (ဧပြီလ – ဇွန်လ ၂၀၂၄)

ဩဂုတ် 22, 2024

မြန်မာနိုင်ငံ၏ သတင်းသမားများနှင့် သတင်းမီဒီယာလွတ်လပ်မှု အခြေအနေ (ဧပြီလ – ဇွန်လ ၂၀၂၄)

၂၀၂၄ ခုနှစ်၏ ဒုတိယသုံးလပတ်ကာလအတွင်း သတင်းသမားနှင့် သတင်းသမားဟောင်း သုံးဦး ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံအဝန်းတွင်လည်း အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် နိုင်ငံ၏ ၈၀ ရာခိုင်နှုန်းအထက် ထိခိုက်ဆုံးရှုံးနစ်နာမှုများ ကြုံတွေလျက်ရှိသည်။

အဖမ်းခံရသည့် သတင်းထောက် ငါးဦး (၎င်းတို့ငါးဦးအနက် သတင်းသမားတဦးကို တရားစွဲဆိုအမိန့်ချမှတ်သည့် ဖြစ်ရပ်မှာ မတ်လအတွင်း ဖြစ်ပွားခဲ့သော်လည်း နောက်ပိုင်းကာလမှသာ သိရှိမှတ်တမ်းယူနိုင်ခဲ့သည်) ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ အပါအဝင် များစွာသော လုံခြုံရေး ဆိုင်ရာ ဥပဒေများ အောက်တွင် အပြစ်ရှိကြောင်း ကြေညာချက် ထုတ်ခဲ့သည်။ ထိုအချက်သည် စစ်တပ်အာဏာသိမ်း အစောပိုင်းလများနှင့်ယှဥ်လျှင် လျော့နည်းသွားသည်ဆိုစေကာမူ ယခုနှစ်အတွင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဟု (သူတို့ကိုသူတို့ ခေါ်ဆိုသည့် တရားဝင်မှုမရှိသည့် နာမည်) အာဏာသိမ်းစစ်တပ်မှ ထုတ်ပြန်ထားသည့် လုံခြုံရေးဆိုင်ရာဥပဒေအောက်တွင် နှစ်ရှည်ပြစ်ဒဏ် ချမှတ်ခံရမှု၏ သိသာမြင်သာသော အရေအတွက်များကို  မီးမောင်းထိုးပြနေသည်။

Dawei Watch သတင်းဌာနမှာ သတင်းသမားတဦးဆိုလျှင် အကြမ်းဖက်မှု ဥပဒေပုဒ်မများဖြင့် အာဏာသိမ်းစစ်တပ်မှ ထိန်းချုပ်ထားသော တရားရုံးသုံးခုမှ တသက်တကျွန်း ပြစ်ဒဏ်စီရင်ချက် ချမှတ်ခံခဲ့ရသည်။

Development Media Group မှ သတင်းထောက်နှင့် ညစောင့်တို့အား အကြမ်းဖက်ဥပဒေဖြင့် ထောင်ဒဏ် ငါးနှစ် ချမှတ်လိုက်သည်။ The People’s Voice မှ သတင်းသမားကို သွေးထိုးလှုံးဆော်မှုဖြင့် ထောင်ဒဏ်သုံးနှစ်နှင့် Democratic Voice of Buram (DVB) သတင်းသမားတယောက်ကို အကြမ်းဖက် ဥပဒေဖြင့် ထောင်ဒဏ်လေးနှစ် ချမှတ်ခြင်း ခံခဲ့ရသည်။

ဧပြီလအတွင်း လွတ်မြောက်လာသူများ အနက်ထောင်ရက်စေ့၍ လွတ်မြောက်လာသည့် ဓာတ်ပုံသတင်းသမား တဦးပါဝင်သည်။ နောက်ထပ် သတင်းသမားသုံးဦးမှာ စစ်ကောင်စီ၏ မြန်မာနှစ်သစ်ကူးလွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်တွင်ပါဝင်ပြီ ထိုတလတည်းမှာပင် အတူလွတ်မြောက်လာခဲ့ကြသည်။

ကောက်ယူရရှိထားသော စာရင်းများအရ ဇွန်လ ၂၀၂၄ ထိ ၅၇ ဦးသော မြန်မာ့ သတင်းသမားများ သံတိုင်နောက်တွင် ကျန်ရှိနေကြသေးသည်။ ထိန်းသိမ်းခံရသူများတွင် ၉၁ ရာခိုင်နူန်းမှာ အမျိုးသားများဖြစ်ပြီး ကျန် ၉ ရာခိုင်နူန်းမှာ အမျိုးသမီးများဖြစ်ကြသည်။ ထိန်းသိမ်းခံရသော သတင်းသမားများမှ ၇၁ ရာခိုင်နှုန်းမှာ သတင်းထောက် (သို့မဟုတ်) သတင်းဓာတ်ပုံရိုက်ကူးသူများဖြစ်ကြသည်။

မြန်မာ့ သတင်းသမား ဖိနှိပ်ခံရမှု၏ နောက်ဆုံးသတင်းအချက်အလက်တိုင်းတာခြင်းအရ အာဏာသိမ်း စစ်တပ် အုပ်ချုပ်မှုအောက်တွင် အာဏာစသိမ်းချိန်မှ စ၍ စုစုပေါင်း သတင်းသမားနှင့် သတင်းလုပ်သား ၂၁၃ ယောက် အဖမ်းခံခဲ့ရပြီး ၇၅ ယောက်မှာ စီရင်ချင်ချခံရကာ ၁၅၇ ယောက်မှာ ပြန်လည်လွတ်မြောက်ခဲ့သည်။

အာဏာသိမ်းစစ်တပ်၏ သတင်းမီဒီယာအပေါ် မတရားဖိနှိပ်မှုအပြင် လက်နက်ကိုင် ပဋိပက္ခ ပြင်းထန်ပြန့်နှံ့လာမှုက လည်း သတင်းပတ်ဝန်းကျင်ကို မတူညီသော သက်ရောက်မှုဖြစ်စေသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မြေပြင်တွင် ထိန်းချုပ်ထားနိုင်လာသည်နှင့်အမျှ ၎င်းတို့ အုပ်ချုပ်သောဒေသတွင် သတင်းတင်ဆက်မှုကို သက်ရောက်မှုရှိကြသည်။

ယခုကဲ့သို့ ဒေသခံ အဖွဲ့အစည်း ၂ ခုမှ ၎င်းတို့ ဒေသတွင် သတင်းသမားများ လုပ်ငန်းစဉ်အပေါ် သက်ရောက်မှုရှိစေသော လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်းသည် သတင်းမီဒီယာ လွတ်လပ်စွာ ဖော်ပြခွင့်ကို လုပ်ဆောင်နေနိုင်သော အဝန်းအဝိုင်း ကျဉ်းမြောင်းစေမည်ကို သတင်းသမားများစိုးရိမ်ပူပန်နေကြသည်။ မြန်မာသတင်းသမားများက အာဏာသိမ်းပြီးနောက်ပိုင်းမှစပြီး ယခုချိန်ထိ ထိုတိုင်းရင်းသားဒေသများတွင် သတင်းရယူနေနိုင်သေးကြောင်း ပြောသည်။

ဧပြီလတွင် အရှေ့ပိုင်းဒေသ ယာယီအုပ်ချုပ်ရေး အစိုးရ အဖွဲ့အစည်း၏ အစိတ်အပိုင်းအဖြစ် ဖော်ပြထားသော ကရင်နီဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီမှ၎င်းတို့ဒေသတွင် သတင်းရယူသော သတင်းသမားများလိုက်နာရန် မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက် ၈ ချက်ကို ထုတ်ပြန်ခဲ့သည်။ ထိုလထဲမှာပင် ထုတ်ပြန်ပြီး သတင်းသမားများလိုက်နာရန် မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက် ၈ ချက်ကို ထုတ်ပြန်ခဲ့သည်။ ထိုလထဲမှာပင် ကရင်အမျိုးသား အဖွဲ့အစည်း (Karen National Union – KNU) မှ ဆင်တူသော လမ်းညွှန်ချက်များကို ထုတ်ပြန်ပြီး သတင်းသမားများ မှတ်ပုံတင်ရန်နှင့် လုံခြုံရေးအတွက် အထောက်အထားပြန်ရန် လိုအပ်ချက်ပါဝင်သည်။

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာသတင်းသမားအစုအဖွဲ့နှစ်ခုသည် ဘက်မလိုက်သော မြန်မာသတင်းစာ ကောင်စီ (IPCM) နှင့် ဘက်မလိုက်သော မြန်မာဂျာနယ်လစ် အသ်ငးကို ဖွဲ့စည်းခဲ့ကြသည်။ ထိုအစုအဖွဲ့နှစ်ခုသည် သတင်းသမားများ၏ ဘေးကင်းလုံခြုံရေးနှင့် တာဝန်ယူ/တာဝန်ခံမှုရှိရေးကို ဦးစားပေးလုပ်ကိုင်နေချိန်တွင် (တိုင်းရင်းသားအဖွဲ့အစည်း ၂ ခု၏) မီဒီယာလမ်းညွန်ချက်များသည် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထိခိုက်နိုင်ပြီး သတင်းသမားများ၏ ထိရောက်စွာ သတင်းတင်ဆက်နိုင်မှုကို အဟန့်အတားပြုနေသည်လို့ ဆိုပါသည်။

မေလ ၃ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ရေးနေ့တွင် IPCM သည် နောက်ပိုင်းတွင် တနိုင်ငံလုံးမှ သတင်းသမားများနှင့် ဆက်လက်ဆွေးနွေးရမည့် မြန်မာသတင်းသမားများလိုက်နာမည့်ကျင့်ဝတ်များကို ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်အနောက်ပိုင်း ပဋိပက္ခကြောင့် နေရာရွှေပြောင်းရသော တချို့မြန်မာ့သတင်းသမားများသည် သူတို့၏ သက်သေခံအထောက်အထားများနှင့် ထောက်ခံစာများးကို ဘင်္ဂလားဒစ်ရှ်အစိုးရ ဝာာဝန်ရှိသူများက တောင်းခံကြကြောင်းဆိုသည်။ ပြည်ပရောက် သတင်းသမားများသည် ထိုင်းနိုင်ငံ (အထူးသဖြင့် သူတို့အများစု အခြေစိုက်ရာ မဲဆောက်နှင့်ချင်းမိုင်) တွင် ဘေးကင်းလုံခြုံရေး၊ စားဝတ်နေရေးစတဲ့ အခက်အခဲများစွာနှင့် ဆက်လက်နေထိုင်နေကြရပါသည်။ ရံပုံငွေထောက်ပံ့ရေးအဖွဲ့ဖြစ် (Donor) များထံမှ အထောက်အပံ့များလျော့နည်းလာသော အခြေအနေနှင့် စျေးကွက်အခြေပြု အမြတ်ငွေရရှိရန်ခက်ခဲမှု အခြေအနေတွင် တချို့ပြည်ပရောက် မီဒီယာသတင်းဌာနများသည် အကြီးတန်းစီမံရေး ဝန်ထမ်းများအပါအဝင် ဝန်ထမ်းလစာများကို ၂၀% ထိ လျော့ချနေရသည်။

Download PDF file: