ဆိုရှယ်မီဒီယာ (ဖေ့စ်ဘုတ်)တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှု နောက်ခံအကျဉ်း
မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းစဥ်ကစပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းနှင့်ပတ်သက်၍ ဥပဒေများဖြင့် ကန့်သတ်ကာ ယင်းလူ့ရပိုင်ခွင့်ကို အစဖျောက်ထားခဲ့သည်။ တင်းကြပ်သော အရှေ့တိုင်းပဒေရာဇ်စနစ်၏ အုပ်ချုပ်ခံလူတန်းစားမှ ဆင်းသက်သော လူမှုရေးစံနူန်းကြောင့် ပွင့်လင်းလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသော လူမှုရေးရာအမူအကျင့်အား ရိုင်းပြမှု သို့မဟုတ် နိမ့်ကျသော ဆက်ဆံရေးသွင်ပြင် သို့မဟုတ် ထိန်းသိမ်းမှုကင်းသော အပြုအမှုအဖြစ် ရှုမြင်ကာ မြန်မာ့အသိုင်းအဝိုင်းတွင် စစ်တပ်က ထိုသို့ ဥပဒေများဖြင့် ထပ်မံကန့်သတ်လိုက်ခြင်းသည် လူထုကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်း သဘောတရားဆီမှ ဝေးကွာသွားစေသည်။
ထိုမှ နှစ်ပေါင်း(၄၀)ခန့်အကြာ ၂၀၁၀ ဝန်းကျင် ခုနှစ်များတွင် မြန်မာလူငယ်အတိုင်းအဝန်း၌ ဖေ့စ်ဘုတ်(Facebook) အသုံးပြုမှုစတင်၍ တွင်ကျယ်လာသည်။ ထို့နောက် မြန်မာလူထုကြားတွင် ဖေ့စ်ဘုတ် အသုံးပြုကာ ဒီဂျစ်တယ် ဆိုရှယ်မီဒီယာမှတဆင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်း အလေ့အထ စတင်ထွန်းကားလာခဲ့သည်။
အွန်လိုင်းထုတ်ဖော်ပြောဆိုခွင့်များ ဆုံးရှုံးခြင်း
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတန်း၊ အပိုဒ်(၁၉)၊ အပြည်ပြည်ဆိုင်ရာ ပြည်သူ့အရေးနှင့် နိုင်ငံရေးအခွင့်အရေး သဘောတူစာချုပ် (iCCPR) နှင့် အခြားသော စာချုပ်များတွင် လူ့အခွင့်အရေးတစ်ရပ်အနေဖြင့် ပါဝင်ဖော်ပြထားသည်။ လူသားတိုင်းသည် ကြားနေနှောင့်ယုက်မှုမရှိဘဲ မိမိတို့၏ အတွေးအခေါ်၊ အယူအဆများကို လွတ်လပ်စွာဆုပ်ကိုင်ထား ပိုင်ခွင့်ရှိသည်။ ဤအခွင့်အရေးတွင် မည်သည့်မီဒီယာနှင့် နယ်မြေအပိုင်းအခြားကိုမဆို အကန့်အသတ်မရှိ ကျော်ဖြတ်လျက် သတင်းအချက်အလက်နှင့် အတွေးအခေါ် အယူအဆများကို လွတ်လပ်စွာရှာဖွေပိုင်ခွင့်၊ လက်ခံပိုင်ခွင့်၊ တစ်ဆင့်ပြန်လည် ဖြန့်ဖြုူးခွင့်ရှိခြင်း စသော အခွင့်အရေးများ ပါဝင်သည့် လွတ်လပ်စွာထင်မြင်ယူဆပိုင်ခွင့်နှင့်ထုတ်ဖော်ပြောဆိုခွင့်ရှိသည်။ ထိုလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များကို အွန်လိုင်းတွင်လည်း အလားတူ ကျင့်သုံးနိုင်ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဖရန်လာရူး (Frank La Rue) မှ ပြောကြားခဲ့သည်။၁
သော် မြန်မာနိုင်ငံတွင် မြေပြင်၌ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံရမှုများနှင့်အတူ အွန်လိုင်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များသည်လည်း ဆိုးရွားစွာ ဖိနှိပ်ခံနေရသည်။ စစ်အာဏာသိမ်းမှုနှင့်အတူ အင်တာနက်ဖြတ်တောက်ခြင်း၊ လူမှုဆက်သွယ်ရေး မီဒီယာများနှင့် ဝက်ဘ်ဆိုက်ဒ်များ ပိတ်ခြင်း၊ အပလီကေးရှင်းများ ပိတ်ခြင်း၊ နှင့် အွန်လိုင်းမှ စောင့်ကြည့်ခြင်းများ စသည့် ဒီဂျစ်တယ်ဖိနှိပ်မှုများကို ပြုလုပ်လျက်ရှိသည်။2
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး သုံးရက်အကြာ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ဖေ့စ်ဘုတ်လူမှုကွန်ရက်ကို ယာယီပိတ်ထားရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ ဖေ့စ်ဘုတ်အပါအဝင် အခြားသော ဆိုရှယ်မီဒီယာ ဝက်ဘ်ဆိုက်ဒ်များကိုလည်း ပိတ်ခဲ့သည်။.3 အွန်လိုင်းစာမျက်နှာပေါ်တွင် စစ်အာဏာသိမ်းမှုအားဆန့်ကျင်ကြောင်း ထုတ်ဖော်ရေးသားသူ၊ NUG/CRPH အားထောက်ခံရေးသားသူ၊ တော်လှန်ရေးလှုပ်ရှားမှုများတွင် ပါဝင်ရန် လှုံ့ဆော်သူ၊ တော်လှန်ရေးအင်အားစုများအား ထောက်ပံ့ကူညီသူများကို အဓိက ပစ်မှတ်ထား ဖမ်းဆီးထောင်ချခြင်းမှစကာ စစ်တပ်အသိုင်းအဝန်းထဲမှ တစ်ဦးဦးနှင့် အဆင်မပြေသည့်သူအဆုံး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုအပါအဝင် ဆိုရှယ်မီဒီယာ (ဖေ့စ်ဘုတ်)မှ ပိုစ့်များကို တိုင်ကြားပြီး ဖမ်းဆီးခံရခြင်းများလည်းရှိသည်။ ပြင် စစ်တပ်ကိုဆန့်ကျင်သည့် နာမည်ကြီး ဆယ်လီများ၏ ပို့စ်များအောက်တွင် ကောမန့်ပေးသူများ၊ အားပေးထောက်ခံကြောင်း ရေးသားသူများကိုလည်း ပစ်မှတ်ထား၍ ဖမ်းဆီးလေ့ရှိသည်။
တဆက်တည်းမှာပင် သတင်းမီဒီယာလုပ်ငန်းများကို ပိတ်သိမ်းကာ သတင်းသမားများအား ဖမ်းဆီးထောင်ချခြင်းများ၊ သတင်းဌာနများအား ပိတ်သိမ်းခြင်းများနှင့်အတူ သတင်းတိုက်များအား ဝင်ရောက်စီးနင်းဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ ပြင်ဆင်လိုက်သည့် “ရုပ်မြင်သံကြားနှင့် ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ” တွင် သတင်းမီဒီယာကြီးများမှစကာ အွန်လိုင်းသတင်းမီဒီယာအသေးစားများအထိ ပစ်မှတ်ထားသည့် ဥပဒေပုဒ်မများထည့်သွင်းထားပြီး ငွေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်ကြီးများပါဝင်သည်။၄
လေ့လာတွေ့ရှိချက်များ
မြန်မာနိုင်ငံတွင် facebook သည် အသုံးများဆုံး ဆိုရှယ်မီဒီယာ တစ်ခုဖြစ် သည်။ ၂၀၂၂ ခုနှစ် စစ်တမ်းအရ ရှိ မြန်မာနိုင်ငံတွင် ဆိုရှယ်မီဒီယာ အသုံးပြုသူစုစုပေါင်း၏ (၉၈%) မှာ ဖေ့စ်ဘုတ်အသုံးပြုသူ ဖြစ်သည်။ ၂၀၂၂ ခုနှစ် စစ်တမ်းများအရ လူဦးရေစုစုပေါင်း ၏ (၃၃.၃၅%)မှာ ဆိုရှယ်မီဒီယာ အသုံးပြု သူများဖြစ်ပြီး (၃၅%) မှာ ဖေ့စ်ဘုတ်အသုံးပြုသူများဖြစ်သည်။5 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း ဖေ့စ်ဘုတ်အသုံးပြုကာ အချင်းချင်းကြားတွင် သတင်းမျှဝေမှုများ၊ လွတ်လပ်စွာရေးသားပြောဆိုမှုများကိုပင် အကြမ်းဖက်စစ်တပ်မှ ခွင့်မပြုတော့ဘဲ ပစ်မှတ်ထားတိုက်ခိုက်လာသဖြင့် ဖေ့စ်ဘုတ်အသုံးပြုုသူများသည် မိမိတို့၏ပရိုဖိုင်းများကို Public ထားရှိရန် မလုံခြုံတော့သောကြောင့် ဖေ့စ်ဘုတ်အဖွဲ့မှ ပရိုဖိုင်းကို လော့ဂ်ချနိုင်သော feature အသစ်တစ်ခုကိုပင် မြန်မာပြည် အရေးပေါ်အခြေအနေအတွက် ဖန်တီးကာ သုံးစွဲစေရသည်အထိ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံရမှုများနှင့် ဖိနှိပ်တိုက်ခိုက်ခံရခြင်းများမှာ ဆိုးရွားလာခဲ့သည်။
သို့ဖြစ်၍ အသံအဖွဲ့အနေဖြင့် စစ်တပ်မှ အာဏာသိမ်းပြီးကာလနောက်ပိုင်း အွန်လိုင်းပေါ်တွင် ပြည်သူများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးနိုင်မှုအခြေအနေအား သိရှိရန် ဖေ့စ်ဘုတ်အသုံးပြုသူများကို အခြေပြု၍ သုတေသနစစ်တမ်းတစ်ခုအား ကောက်ယူခဲ့သည်။ စစ်တမ်း၏ လေ့လာတွေ့ရှိချက်များအရ ဆိုရှယ်မီဒီယာ (ဖေ့စ်ဘုတ်) အသုံးပြုသူ (၆၀.၃%) ရာခိုင်နှုန်းသည် ၎င်းတို့၏ ဖေ့စ်ဘုတ်ပရိုဖိုင်းများအား လုံခြုံရေးလော့ဂ်ချ၍ အသုံးပြုလျက်ရှိပြီး ကျန် (၃၉.၇%) ရာခိုင်နှုန်းမှာ လုံခြုံရေးလော့ဂ် မချဘဲ အသုံးပြုလျက်ရှိကြောင်း သိရသည်။
နိုင်ငံရေးဆိုင်ရာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်ကန့်သတ်ခံရမှုအား လေ့လာခြင်း
အကြမ်းဖက်စစ်တပ်၏ မတရားအာဏာသိမ်းယူမှုအား ဆန့်ကျင်သည့် နိုင်ငံအဝှမ်းမှပြည်သူများသည် ၎င်းတို့၏ ဆန္ဒများအား နည်းလမ်းမျိုးစုံဖြင့် ထုတ်ဖော်လာသည်ကို မျက်ဝါးထင်ထင်တွေ့မြင်ရသည်။ သို့ ထုတ်ဖော်ပြောဆိုမှုများတွင် ထိရောက်သောနည်းလမ်းတခုဖြစ်သည့် (ဖေ့စ်ဘုတ်) ဆိုရှယ်မီဒီယာပလက်ဖောင်းမှတဆင့် နိုင်ငံရေးထင်မြင်ယူဆချက်များ၊ အတွေးအခေါ်များကို ရေးသားဖြန့်ဝေမှုသည်လည်း လွန်စွာအားကောင်းလာသည်။ သို့ ထုတ်ဖော်ပြောဆိုမှုများတွင် ထိရောက်သောနည်းလမ်းတခုဖြစ်သည့် (ဖေ့စ်ဘုတ်) ဆိုရှယ်မီဒီယာပလက်ဖောင်းမှတဆင့် နိုင်ငံရေးထင်မြင်ယူဆချက်များ၊ အတွေးအခေါ်များကို ရေးသားဖြန့်ဝေမှုသည်လည်း လွန်စွာအားကောင်းလာသည်။
ပထမဦးစွာဖြင့် စစ်အာဏာသိမ်းမှုနောက်ပိုင်း အွန်လိုင်းတွင် အရပ်သားပြည်သူများ၏ နိုင်ငံရေးဆိုင်ရာထင်မြင်ယူဆချက်၊ အတွေးအခေါ်များအား ဆွေးနွေးနိုင်မှု အခြေအနေအား လေ့လာဆန်းစစ်ခဲ့သည်။ စစ်တမ်း၏ ရလဒ်များအရ အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းယူမှု ဖြစ်ပွားပြီးနောက် အွန်လိုင်းပေါ်တွင် နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်သော စကားဝိုင်းများ၊ ဆွေးနွေးပွဲများတွင် ပါဝင်သည့်သူမှာ (၈.၇%) ရာခိုင်နှုန်ူးသာရှိပြီး မပါဝင်သည့်သူမှာ (၃၅.၁%) ရာခိုင်နှုန်းခန့် ရှိနေသည်ကိုလည်း တွေ့ရှိရသည်။
(၁.၁) နိုင်ငံရေးနှင့်သက်ဆိုင်သည့် အွန်လိုင်းဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်ဖူးခြင်း အခြေအနေပြပုံ
နည်းပညာရေစီးကြောင်းနှင့်အညီ အားကောင်းလာသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်မှ နိုင်ငံရေးဆွေးနွေးပွဲများသည် မြန်မာနိုင်ငံအတွင်းရှိ အင်တာနက်အသုံးပြုသူများအကြား ရေပန်းစားလာသည့်အလျောက် တဖက်တွင်လည်း စစ်တပ်မှ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အွန်လိုင်းပေါ်တွင်ပါမချန်ထိန်းချုပ်၊ ကန့်သတ်လာပြီး နောက်ဆက်တွဲအဖြစ် အကြမ်းဖက်သောနည်းလမ်းမျိုးစုံဖြင့် တောက်လျှောက်ဖိနှိပ်လာသည်မှာ သိသာထင်ရှားလှသည်။
ထိုမှတဆက်တည်း ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်မှ စကားဝိုင်းများ၊ ဆွေးနွေးပွဲများတွင် ပါဝင်ဖူးသူများအနေဖြင့် ၎င်းတို့၏ နိုင်ငံရေးထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော် ဆွေးနွေးနိုင်ခွင့်အား အဆင့်သတ်မှတ်တိုင်းတာရာတွင် အောာက်ပါပုံအတိုင်းတွေ့ရှိရသည်။
ပုံ- (၁.၂) ဆိုရှယ်မီဒီယာ(ဖေ့စ်ဘုတ်) များပေါ်မှ စကားဝိုင်းများ၊ ဆွေးနွေးပွဲများတွင် နိုင်ငံရေးထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ဆွေးနွေးနိုင်ခွင့် အခြေအနေပြဇယာ
နိုင်ငံရေးဆိုင်ရာ ထင်မြင်ယူဆချက်များနှင့် အတွေးအခေါ်များအား အွန်လိုင်း စကားဝိုင်း (သို့မဟုတ်) ဆွေးနွေးပွဲများတွင် လွတ်လပ်စွာပါဝင်ဆွေးနွေးနိုင်မှု အခြေအနေအား အင်တာဗျူးများဖြင့်လေ့လာဆန်းစစ်ရာတွင်လည်း“ထုတ်ဖော်ခွင့်တော့ရပေမယ့် အပြည့်အဝကြီးတော့ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်ကလည်း ကြောက်စိတ်ဖြစ်နေတာလည်းပါတယ်။ အွန်လိုင်းကဆိုတော့ အစ်မတို့ ဆွေးနွေးတဲ့ platform က လုံခြုံမှုအပြည့်အဝရှိလား၊ မရှိလားသေချာမသိနိုင်ဘူးလေ။ ကိုယ်ပြောလိုက်တဲ့ ဟာတွေ၊ ကိုယ်လုပ်နေတဲ့အရာတွေကို ဘယ်သူတွေက ခိုးပြီးတော့ နားထောင်နေမလဲဆိုပြီး ကြောက်စိတ်လေးတော့ ရှိတယ်” ဟု ရန်ကုန်မြို့မှ တက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးတစ်ဦးမှ ပြန်လည်ဖြေဆိုထားသည်ကို တွေ့ရှိရသည
ထိုအပြင် ဆိုရှယ်မီဒီယာ(ဖေ့စ်ဘုတ်)တွင် မိမိ၏ထင်မြင်ယူဆချက်များအား ထုတ်ဖော်ပြောဆိုရာ၌ လက်ရှိအာဏာသိမ်း အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့၏အဖွဲ့ဝင်များမှ အချိန်ပြည့်စောင့်ကြည့်နေကာ နေထိုင်ရာအိမ်များအထိ မတရားလာရောက်ဖမ်းဆီး၊ ထောင်ချခြင်းများနှင့် အသက်အန္တရာယ်ခြိမ်းခြောက်ခြင်းများစွာကိုလည်း ပြည်သူများအနေဖြင့် တောက်လျှောက်ကြုံတွေ့နေကြရသည်။ ထိုသို့စောင့်ကြည့်ခံနေရခြင်းမှ ရရှိလာမည့် နောက်ဆက်တွဲအကျိုးဆက်များအား စိုးရိမ်ကြောက်လန့်နေရခြင်း အခြေအနေအား စစ်တမ်းကောက်ယူရာတွင် ဖြေဆိုသူ၏ (၉၄.၆%) ရာခိုင်နှုန်းသည် အွန်လိုင်းတွင် လွတ်လပ်စွာပြောဆိုနိုင်ခွင့်နှင့် ပတ်သက်၍ အကြမ်းဖက်စစ်တပ်အား စိုးရိမ်ကြောက်လန့်နေကြရကြောင်း စစ်တမ်းကောက်ယူချက်များအရ သိရသည်။
ပုံ- (၁.၃) လွတ်လပ်စွာပြောဆိုနိုင်ခွင့်နှင့်ပတ်သက်၍ အကြမ်းဖက်စစ်တပ်အား စိုးရိမ်ကြောက်လန့်နေကြရခြင်း အခြေအနေပြပုံ
မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများသည် အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိနိုင်ငံရေးအပေါ် ၎င်းတို့၏ထင်မြင်ယူဆချက်များကို ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်တွင် ထုတ်ဖော်ပြောဆိုရာ၌ ထိန်ချန်၍အကန့်အသတ်ဖြင့်သာ တင်ပြရကြောင်းတွေ့ရသည်။ ယင်းအခြေအနေကို စစ်တမ်းဖြင့်လေ့လာရာတွင် ပုံတွင်မြင်တွေ့ရသည့်အတိုင်း ဖြေဆိုသူ (၅၈.၉%) ရာခိုင်နှုန်းသည် အမြဲတမ်း အကန့်အသတ်ဖြင့် ထိန်ချန်၍တင်ပြရသည်ကို တွေ့ရှိရသည်။ (ပုံ- ၁.၄)
ပုံ- (၁.၄) နိုင်ငံရေးနှင့်ဆက်နွယ်သည့် အကြောင်းအရာများအား ရေးသား၊ ထုတ်ဖော်ပြောဆိုရာ၌ အကန့်အသတ်များရှိနေခြင်း အခြေအနေပြပုံ
လက်ရှိအာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ စောင့်ကြည့်နေခြင်းအား စိုးရိမ်ကြောက်လန့်ခြင်း ရှိ၊ မရှိကို အင်တာဗျူးများဖြင့် လေ့လာဆန်းစစ်ရာတွင်လည်း အများစုက စိုးရိမ်ကြောက်လန့်နေရကြောင်း ဖြေဆိုထားသည်ကို လေ့လာတွေ့ရှိရသည်။ ဟု အမ်းဒေသအတွင်း နေထိုင်လျက်ရှိသူတစ်ဦးမှ ပြောသည်။ လက်ရှိအာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ စောင့်ကြည့်နေခြင်းအား စိုးရိမ်ကြောက်လန့်ခြင်း ရှိ၊ မရှိကို အင်တာဗျူးများဖြင့် လေ့လာဆန်းစစ်ရာတွင်လည်း အများစုက စိုးရိမ်ကြောက်လန့်နေရကြောင်း ဖြေဆိုထားသည်ကို လေ့လာတွေ့ရှိရသည်။ “တစ်ချို့ဟာတွေက အကန့်အသတ်ရှိတယ်။ လုံးဝ လွတ်လပ်တယ်လို့ မခံစားရဘူး။ ဆိုတော့ ၂၀၂၃ အစောပိုင်း မတ်လ ကနေပြီး စာရေးတာတော့ရပ်ထားတယ်။ ရပ်ထားတယ်ဆိုတာက ကျွန်တော်တို့ freedom မဖြစ်ဘူးလို့ခံစားလာရတယ်။ ကျွန်တော်တို့ပြောချင်တာတွေရေးဖို့က အရမ်း risk များလာတယ်။ ဒီမေလလောက်ကစပြီး မီဒီယာတွေကို စကားပြောတာ ရပ်လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အတွက် မလုံခြုံမှုတွေက တိုးလာတဲ့အခါ ဒီအပိုင်းနဲ့ဆက်စပ်ပြီးမလုပ်တော့ဘူး” ဆိုသူပေါင်း၏ (၈၂.၄%) ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုမှာ ယခုကာလအတွင်း အချိန်နှင့်အမျှ ယိုယွင်းဆုတ်ယုတ်လာသည်ဟု ဖြေဆိုပြီး၊ ပြောင်းလဲခြင်းမရှိဟု ဖြေဆိုသူ (၁၂.၃%) ရာခိုင်နှုန်းရှိသည်ကို စစ်တမ်းတွင် တွေ့ရှိရသည်။ (ပုံ- ၁.၅)
ပုံ- (၁.၅) မြန်မာနိုင်ငံ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်ခွင့် အခြေအနေပြပုံ
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အား အကြမ်းဖက်စစ်တပ်မှ နည်းမျိုးစုံဖြင့် ကန့်သတ်ထိန်းချုပ်လာသည့်အတွက် ပြည်သူများမှာ မိမိတို့ယုံကြည်ရာ အတွေးအခေါ်၊ အယူအဆများအား လွတ်လွတ်လပ်လပ်တင်ပြ၊ ပြောဆိုနိုင်ခွင့် လုံးဝမရှိတော့ပဲ နိုင်ငံရေးနှင့် သက်ဆိုင်သောပို့စ်များအား အွန်လိုင်းတွင် ရေးသား၊ ပြောဆိုခြင်းကြောင့် နောက်ဆက်တွဲ ရရှိလာမည့် အကျိုးဆက်များအား အလွန်စိုးရိမ်နေရကြောင်း အင်တာဗျူးတွင် ရခိုင်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးမှ ယခုကဲ့သို့ ဖြေဆိုထားသည်ကို လေ့လာတွေ့ရှိရသည်။
“လွတ်လပ်စွာပြောဆိုခွင့်နဲ့ ပတ်သက်ပြီး အခွင့်အရေးက လုံးဝကို ဆုံးရှုံးသွားတယ်။ ပြောချင်တာရှိ ရင်တောင်မှ ဖြစ်ချင်ရာဖြစ်ဆိုတဲ့စိတ်တစ်ခုနဲ့ ပြောလိုက်ရင် အများကြီးကြုံလာနိုင်တယ်။ မိသားစုနဲ့လည်း ပြဿနာတွေဖြစ်လာနိုင်တယ်… ကိုယ့်မိသားစုကို မထိခိုက်စေချင်ဘူးဆိုတဲ့ စိတ်နဲ့သွားလိုက်ရင် လွတ်လပ်စွာပြောဆိုပိုင်ခွင့် မရှိတော့ဘူး။ လွတ်လပ်စွာပြောဆိုခွင့်က ဒီကာလမှာ လုံးဝမရဘူး။ ပြောလိုက်မိရင် ကိုယ့်ကို ဘယ်အချိန်လာဖမ်းမလဲ ကြောက်နေရတာ”
ထိုအပြင် အကြမ်းဖက်စစ်တပ်မှ လွတ်လပ်စွာထုတ်ဖော်ခွင့်အား နည်းဗျူဟာကျကျ ထိန်းချုပ်နိုင်ရန် ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်ရှိ ၎င်းတို့အာဏာသိမ်းမှုအား ဆန့်ကျင်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နာမည်ကြီး အနုပညာရှင်များ၊ စာရေးဆရာ၊ ကဗျာဆရာများနှင့် အခြားထင်ပေါ်ကျော်ကြားသူများကို စံပြနမူနာအဖြစ် ဖမ်းဆီး၊ ထောင်ချခြင်းများအား စနစ်တကျပြုကျင့်နေကြောင်း ရန်ကုန်မှ အင်တာဗျူးဖြေဆိုသူ လူငယ်တစ်ဦးမှ ပြောကြားထားသည်။
လက်ရှိနိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်သော အတွေးအခေါ်၊ အယူအဆများအား ရေးသား၊ ထုတ်ဖော်ပြောဆိုခြင်းကြောင့် အွန်လိုင်းတွင် နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အခြားသော တိုက်ခိုက်ခြင်းအား ကြုံတွေ့ဖူးသူမှာ (၅၄.၄%) ရာခိုင်နှုန်းခန့် ရှိနေပြီး (၄၅.၆%) ရာခိုင်နှုန်းသည် မကြုံတွေ့ဖူးသူများဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။ လေ့လာသုံးသပ်ချက်များအရ နိုင်ငံရေးနှင့် ဆက်စပ်နေသော အတွေးအခေါ်၊ အယူအဆများအား ထုတ်ဖော်ပြောဆိုခြင်းကြောင့် အွန်လိုင်းတွင် နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အခြားသော တိုက်ခိုက်ခြင်းအားကြုံတွေ့ဖူးကြသူများမှာ စစ်တမ်းတွင်ဖြေဆိုသူ စုစုပေါင်း၏ ထက်ဝက်ကျော်ခန့်ပင် ရှိနေသည်ကို ထင်ရှားစွာ တွေ့ရှိရသည်။ ထိုနည်းတူ နိုင်ငံရေးအတွေးအခေါ်၊ အယူအဆများအား အွန်လိုင်းတွင် ရေးသား၊ ထုတ်ဖော်ပြောဆိုခြင်းကြောင့် ပြင်ပတွင် လူကိုယ်တိုင် နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အခြားသော တိုက်ခိုက်ခြင်းများကို ကြုံတွေ့ဖူးသူများမှာလည်း ဖြေဆိုသူများ၏ ထက်ဝက်နီးပါးခန့်ပင် ရှိနေသည်ကို စစ်တမ်းကောက်ယူမှုမှရရှိသော အချက်အလက်များအရ သိရှိရသည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများအနေဖြင့် ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်တွင် ၎င်းတို့၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်ခွင့်နှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာလွတ်လပ်ခွင့်အား စစ်တမ်းဖြေဆိုသူ (၅၈) ယောက်မှ အောက်တွင်ဖော်ပြပါဇယားအတိုင်း အဆင့်သတ်မှတ်ထားသည်။ (ပုံ- ၁.၇)
ပုံ- (၁.၇) မြန်မာနိုင်ငံ၏ ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်ခွင့်အဆင့်သတ်မှတ်ချက် အခြေအနေပြဇယား
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဥပဒေများအသုံးပြု၍ အရေးယူဖိနှိပ်မှုအား လေ့လာခြင်း
အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းမှုအားဆန့်ကျင်သော Facebook Profile ပုံပြောင်းလဲခြင်းနှင့် Profile Frame ပြောင်းလဲခြင်းများကိုပင်လျင် ကန့်သတ်ကာ ၎င်းတို့အဖွဲ့ဝင်များ၏ သတင်းပေးမှုအရ ပြည်သူများ၏ နေအိမ်များသို့ လာရောက်ဖမ်းဆီး၍ တရားမျှတမှုမရှိသော ထောင်ချအရေးယူခြင်းများကို ဆိုးရွားစွာကျုးလွန်လာသည်။ ထို့ကြောင့် အွန်လိုင်းပေါ်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်ပြီး မတရားသဖြင့် ဥပဒေသုံးကာ ဖိနှိပ်မှုများ လုပ်ခြင်းနှင့် နောက်ဆက်တွဲ အရေးယူခံရခြင်းများကို လေ့လာခဲ့သည်။ ၎င်းအကြောင်းအရာနှင့် စပ်လျဥ်း၍ မြို့ပြနေ ဒေသခံတစ်ဦးမှ
“သူတို့ အိမ်ထိလာပြီးတော့ ဖမ်းဆီးသွားတာတွေ ကြုံဖူးပါတယ်။ တိုက်ပွဲမှာ စစ်တပ်ဘက်က ကျတဲ့သူများတော့ သူကဝမ်းသာတဲ့အနေနဲ့ ရေးပြီးတော့ တင်လိုက်တဲ့အခါမှ တစ်ယောက်ယောက်က လိုင်းပေါ်မှာ သူတင်တဲ့ဟာကို screenshot ရိုက်ပြီး သွားတိုင်တဲ့ပုံစံမျိုး။ အဲ့ဒီနောက် ရဲတွေက အိမ်ကို လာဖမ်းသွားတာ”ဟု မြစ်ကြီးနားမြို့ခံ တစ်ဦးမှ ၎င်းနေထိုင်ရာ ပတ်ဝန်းကျင်တွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်အား အင်တာဗျူးတွင် ပြန်လည်ဖြေဆိုထားသည်။
နေထိုင်ရာပတ်ဝန်းကျင်မှ တစ်စုံတစ်ဦးသည် ၎င်း၏နိုင်ငံရေးယုံကြည်ချက်၊ ထင်မြင်ယူဆချက်များအား အွန်လိုင်း(ဖေ့စ်ဘုတ်)တွင် လွတ်လပ်စွာထုတ်ဖော်ရေးသား၊ ပြောဆိုခြင်းကြောင့် ဥပဒေပိုင်းဆိုင်ရာ နောက်ဆက်တွဲအကျိုးဆက်များအဖြစ် ဆင်ဆာဖြတ်ခံရခြင်း (ကန့်သတ်ခံရခြင်း)အပြင် အကြမ်းဖက်စစ်တပ်၏ အဖမ်းခံရခြင်းများကို ကြုံတွေ့ဖူးသူများမှာ ဖြေဆိုသူများ၏ (၈၂.၅ %) ရာခိုင်နှုန်းထိ ရှိနေသည်ကို စစ်တမ်းမှ လေ့လာတွေ့ရှိရသည်။ (ပုံ- ၂.၁)
ပုံ- (၂.၁) လွတ်လပ်စွာထုတ်ဖော်ရေးသား၊ ပြောဆိုခြင်းကြောင့် ဥပဒေပိုင်းဆိုင်ရာ နောက်ဆက်တွဲအကျိုးဆက်များအား ကြုံတွေ့ဖူးသူ အခြေအနေပြပုံ
ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် ထုတ်ဖော်ရေးသားမှုများကြောင့် မိမိတို့ကိုသာမက ရင်းနှီးဆက်စပ်သူများကိုပါ အကြမ်းဖက်စစ်တပ်က ရှာဖွေဒုက္ခပေးနိုင်သဖြင့် မိမိတို့၏သဘောထားအမှန်များကို ပကတိအတိုင်း တင်ပြခြင်းအား ရှောင်ရှားလာကြသည်ကို တွေ့ရသည်။ စစ်တမ်းဖြေဆိုသူ၏ (၈၅.၉%) ရာခိုင်နှုန်းသည် အထက်တွင်ဖော်ပြထားသကဲ့သို့ အကြမ်းဖက်စစ်တပ်မှ လာရောက်ဖမ်းဆီးမည်ကို စိုးရိမ်ကြောက်လန့်သောကြောင့် မိမိ၏ လွတ်လပ်စွာပြောဆိုခွင့်ကို ကိုယ်တိုင် ထိန်းချုပ်၊ ကန့်သတ်နေရသည်။(ပုံ- ၂.၂)
ပုံ- (၂.၂) အကြမ်းဖက်စစ်တပ်မှ လာရောက်ဖမ်းဆီးမည်ကို စိုးရိမ်ကြောက်လန့်သောကြောင့် မိမိ၏လွတ်လပ်စွာပြောဆိုခွင့်ကို ကိုယ်တိုင်ထိန်းချုပ်၊ ကန့်သတ်နေရခြင်း အခြေအနေပြပုံ
ယင်းအခြေအနေကို အင်တာဗျူးဖြင့် လေ့လာဆန်းစစ်ရာတွင် အများစုက စိုးရိမ်ကြောက်လန့်နေရကြောင်း ဖြေဆိုထားသည်ကို တွေ့ရှိရသည်။ ဟု ရခိုင်ဒေသအတွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးမှ အင်တာဗျူးတွင် ယခုလို ဖြေဆိုထားသည်။ “နိုင်ငံရေးပတ်သက်ပြီး ပြောရင်တော့ စကားအကုန်ပြောလို့ မရဘူး။ အခြေအနေတွေ ကြည့်ပြီးတော့ ချန်သင့်တာကိုချန်၊ ပြောသင့်တာကိုပြောတယ်။ ရွာထဲမှာ ရှိနေတဲ့ တချို့သူတွေကြောင့်လဲပါတယ်၊ တခါတလေ အဆက်အစပ်နဲ့ ရောထွေးမိခဲ့လို့ရှိရင် ရှာဖွေခံရမှာတွေ စိုးရိမ်တယ်။ အခုက နည်းပညာတွေကလည်း တိုးတက်လာတာဆိုတော့။ ဒါကြောင့် အွန်လိုင်းမှာ ပြောဆိုထုတ်ဖော်တာတွေကို နည်းနည်းထိန်းချုပ်ပြီးပြောရတယ်”
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို နည်းပညာဖြင့် ကန့်သတ်၊ ဖိနှိပ်မှုအား လေ့လာခြင်း
အရပ်သားပြည်သူများအနေဖြင့် မိမိတို့၏လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးရာတွင် နည်းပညာပိုင်းဆိုင်ရာ အနှောင့်အယှက်၊ အဟန့်အတားများနှင့် ပတ်သက်၍ ဆက်လက်လေ့လာခဲ့သည်။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းပြီး နောက်ပိုင်းကာလများတွင် နိုင်ငံအဝှမ်း အင်တာနက်ဖြတ်တောက်မှုများစွာ ပြုလုပ်ခဲ့သည်မှာ သိသာထင်ရှားလှသည်။ စစ်တမ်းကောက်ယူချက်များအရ နိုင်ငံအတွင်း နေရာအနှံ့အပြား အင်တာနက်ပိတ်ဆို့ဖြတ်တောက်ခြင်း (သို့မဟုတ်) ကြားဖြတ်နှောင့်ယှက်ခြင်းကြောင့် အင်တာနက်အသုံးပြုရန် အမြဲတမ်း အခက်အခဲကြုံတွေ့ရကြောင်း (၅၆.၁%) ရာခိုင်နှုန်းခန့်က ဖြေဆိုထား၍ ရံဖန်ရံခါအခက်အခဲကြုံတွေ့ရကြောင်း ဖြေဆိုသူမှာ (၃၁.၆%) ခန့် ရှိသည်ကို လေ့လာတွေ့ရှိရသည်။ (ပုံ- ၃.၁)