ဆက်သွယ်ရေးကွန်ရက်အတားအဆီးများ၏ အကျိုးသက်ရောက်မှုများကို ဖော်ထုတ်လေ့လာခြင်း
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ
နောက်ခံသမိုင်းကြောင်း
ကမ္ဘ့ာအရှည်ကြာဆုံးနှင့် လက်ရှိအချိန်ထိဆက်လက်ဖြစ်ပေါ်နေဆဲစစ်ပွဲအား လက်ဝယ်ပိုက်ထားရသောကြောင့် မြန်မာနိုင်ငံသည် ယခုအချိန်ထိ ငြိမ်းချမ်းရေးမရနိုင်သေးပါ။ ၁၉၆၂ တွင် အာဏာသိမ်းခဲ့ပြီးနောက် စစ်အာဏာရှင် အစိုးရအနေမှ မြန်မာနိုင်ငံအား အထီးကျန်စွာဖြင့် ၂၀၁၀ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပါသည်။ ၂၀၁၀ တွင် တပ်မတော် အနေဖြင့် ၎င်း၏အာဏာကို စစ်တပ်ထောက်ခံအားပေးသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဦးဆောင်သော အရပ်သားတစ်ပိုင်းအစိုးရအား အာဏာလွှဲပေးခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင်မှု ဒေါ်အောင်ဆန်းစုကြည်၏ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် USDP ကို အပြတ်အသတ် အနိုင်ယူခဲ့သည်။ အရပ်သားအစိုးရအနေဖြင့် ယခုအချိန်တွင် အုပ်ချုပ်နိုင်ခဲ့ပြီဖြစ်သော်လည်း စစ်တပ်မှ ရေးဆွဲခဲ့သော ၂၀၀၈ အခြေခံဥပဒေမှတဆင့် စစ်တပ်အနေဖြင့် အာဏာဆက်လက် ဆုပ်ကိုင်ထားဆဲဖြစ်သည်။ ဥပမာအားဖြင့် ဆိုရသော် အဓိကဝန်ကြီးဌာနများဖြစ်သော ကာကွယ်ရေး၊ နယ်စပ်ရေးရာနှင့် ပြည်ထဲရေး စသည်တို့မှာ အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင်မရှိပါ။ ၎င်းတို့မှာ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ထံ အစီရင်ခံရကာ ၎င်း၏ စီမံခန့်ခွဲမှုအောက်တွင်ရှိနေပါသည်။ လက်ရှိအချိန်တွင် NLD အနေဖြင့် လွှတ်တော်တွင် နေရာအများစုပိုင်ဆိုင်ထားသော်လည်း လွှတ်တော်တစ်စုစီတိုင်း၏ ၂၅ ရာခိုင်နူန်းသည် စစ်အရာရှိများအတွက် နေရာပေးရသည်။ ၂၀၀၈ အခြေခံဥပဒေအရ အခြေခံဥပဒေပြင်ဆင်မှု ဆောင်ရွက်ရန်အတွက် ထောက်ခံမဲလေးပုံ သုံးပုံလိုအပ်ပါသည်။ ထိုကဲ့သို့ စစ်တပ်၏ ဗီတိုအာဏာအသုံးပြုပိုင်ခွင့်ဖြင့် အရပ်သားအစိုးရ၏ အာဏာကို အကန့်အသတ်ပြုလုပ်ထားပါသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် တိုင်းရင်းသားလူမျိုးစုများ စုပေါင်းနေထိုင်လျက်ရှိပြီး အများအပြားသော လူမျိုးစုများ၊ ယဉ်ကျေးမှုထုံးတမ်းများ၊ ဘာသာစကားများနှင့် ကိုးကွယ်ယုံကြည်မှုတို့ အတူယှဉ်တွဲနေထိုင်ကြေသာ နိုင်ငံတစ်ခုဖြစ်ပါသည်။ လူနည်းစုအခွင့်အရေးများ ကာကွယ်ရးနှင့် လွတ်လပ်စွာရပ်တည်နိုင်ရေး စသည်တို့မှာ ၁၉၄၇ ပင်လုံစာချုပ်တွင် အဓိက အာမခံပေးခဲ့သော အချက်များဖြစ်သည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းမှ စတင်ကာ အဆိုပြုခဲ့သော ပင်လုံစာချုပ်သည် မြန်မာနိုင်ငံအနေဖြင့် ဖယ်ဒရယ် ဒီမိုကရက်တစ် နိုင်ငံ ထူထောင်နိုင်ရန်အတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်သည်။ သို့သော်လည်း ပင်လုံ၏ မျှော်မှန်းချက်များ အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးခင်အချိန်တွင် ဗိုလ်ချုပ်ဆောင်ဆန်းနှင့်တကွ ၎င်း၏ ကြားကာလအစိုးရ အဖွဲ့ဝင်များမှာ ၁၉၄၇ ခုနှစ်တွင် လုပ်ကြံခံခဲ့ရသည်။ထိုအချိန်မှစ၍ နိုင်ငံအတွင်းရှိ မတူ ကွဲပြားမှုများကို လက်ခံမည့်အစား တိုင်းရင်းသား အချင်းချင်းကြားပဋိပက္ခကို စစ်တပ်အနေဖြင့် အာဏာဆက်လက်တည်မြဲနိုင်ရန်အတွက် အသုံးချခဲ့သည်။
စစ်တပ်၏ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအောက်တွင် ပြည်သူလူထုအား အဓိကလူမျိုးစု အုပ်စု ၈ အုပ်စုခွဲကာ တိုင်းရင်းသား (“ မြေကြီး၏သားများ” ) ဟု ခေါ်ဆိုခဲ့သည်။ ထိုမှတဆင့် “ တိုင်းရင်းသားလူမျိုးစု” ပေါင်း ၁၃၅ စုအထိ ထပ်မံအုပ်စုခွဲလိုက်သည်။ ဗမာလူမျိုးများအနေဖြင့် နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နူန်းအထိရှိကာ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်း စသည့် အခြားတိုင်းရင်းသားလူမျိုးများဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ ရိုဟင်ဂျာလူမျိုးများကို ထိုတရားဝင်စာရင်းတွင် ထည့်သွင်းထားခြင်းမရှိကာ အစိုးရအနေဖြင့် ၎င်းတို့အား တရားဝင် နိုင်ငံသားများအဖြစ် အသိအမှတ်ပြုကာခြင်းမရှိပါ။ တပ်မတော်အနေဖြင့် တိုင်းရင်းသားလူနည်းစုအရေးကို လစ်လျူရှုကာ ဗမာလူမျိုးကြီးဝါဒလွှမ်းမိုးမှုအား ပြည့်သူ့အရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှု ကဏ္ဍအားလုံးတွင် စနစ်တကျ ထည့်သွင်းတည်ဆောက်ထားသည်။ လွတ်လပ်စွာရပ်တည်နိုင်ရန် နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ (EAOs) များအနေဖြင့် တော်လှန်ရေးဆင်နွဲလာကြသည်။ ၎င်းတို့သည် နိုင်ငံ၏ ဒေသအမြောက်အမြားတွင်ရှိကာ အနောက်ဘက်တွင် ရခိုင်နှင့် ချင်းပြည်နယ်၊ မြောက်ပိုင်းတွင် ရှမ်းနှင့် ကချင်ပြည်နယ် စသည့်ဒေသများ အပါအဝင်ဖြစ်သည်။ တပ်မတော်အနေဖြင့် ထိုကဲ့သို့ အတွင်းမှတိုင်းရင်းသားအင်အားစုများကြောင့် မြန်မာနိုင်ငံ ပြိုကွဲသွားစေမည့် အန္တရာယ်မှ ကာကွယ်နေသည့် သူရဲကောင်းများအဖြစ် ၎င်းတို့ဘာသာ ရံဖန်ရံခါ ပုံဖော်လေ့ရှိသည်။