တကျော့ပြန် သတင်းလောက အမှောင်ခေတ်

သတင်းသမားများ၊ သတင်းမီဒီယာလုပ်ငန်းများအတွက် စိန်ခေါ်မှုနှင့် မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာဆန်းစစ်ချက်

မြန်မာ့သမိုင်းတလျှောက် သတင်းလွတ်လပ်ခွင့် ဆုံးရှုံးခဲ့ရမှုများကို နောက်ကြောင်းပြန်ကြည့်မည်ဆိုလျှင် ခေတ်အဆက်ဆက် သတင်းလွတ်လပ်ခွင့်ဆုံးရှုံးများတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် သတင်းသမားများနှင့် သတင်းဌာနများကို တရားစွဲဆိုခြင်း၊ အကြမ်းဖက်နှိပ်စက်ခြင်း၊ တရားမဲ့ဖမ်းဆီးခြင်းများနှင့် ရာဇဝတ်ဆိုင်ရာပုဒ်မများဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခြင်းများသည် သမိုင်းတလျှောက် သတင်းမီဒီယာများဖမ်းဆီးခံရခြင်းများတွင် အဆိုးရွားဆုံးအခြေအနေ တရပ်ဟု ဆိုရပေမည်။

လွတ်လပ်ရေးရပြီးနောက် ၁၉၅၈ ခုနှစ်၌ ပထမဆုံးအကြိမ် စစ်တပ်က အာဏာသိမ်းယူခဲ့ရာတွင် သတင်းစာဆရာများကို ကိုကိုးကျွန်းသို့ ပို့ဆောင်ပြီး ဖမ်းဆီးသကဲ့သို့ စစ်အစိုးရကို ဝေဖန်ခဲ့သည့် လူထုနှင့် ကြေးမုံ ပုဂ္ဂလိကသတင်းစာများကို ပိတ်သိမ်းခဲ့သည်။

၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်ဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီကာလတွင် သတင်းလောကအတွက် အဆိုးရွားဆုံးသော သတင်းလွတ်လပ်ခွင့်ကန့်သတ်ခံခဲ့ရခြင်းနှင့်အတူ ပုဂ္ဂလိကသတင်းစာအားလုံး ရပ်ဆိုင်းသွားခဲ့ရသည်။ ထိုကာလတွင် သတင်းသမားများသည်လည်း ၎င်းတို့ကို ဆန့်ကျင်တော်လှန်သည့် နိုင်ငံရေးသမားများကဲ့သို့ပင် နှစ်ရှည်ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသည်။

၁၉၉၈ ခုနှစ်တွင် တတိယအကြိမ်မြောက် စစ်တပ်က အာဏာသိမ်းခဲ့ပြန်သည်။ ထိုကာလတွင်လည်း သတင်းသမားအများအပြား ဖမ်းဆီးခံခဲ့ရပြန်သည်။

ယခု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် သမိုင်းတလျှောက် စတုတ္တအကြိမ်မြောက် စစ်တပ်က အာဏာသိမ်းခဲ့ပြန်သည်။ ထိုအာဏာသိမ်းမှုသည် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်း ကာလကဲ့သို့ပင် သတင်းသမားများနှင့် သတင်းဌာနများအပေါ် ဖိနှိပ်မှုနှင့် လိုင်စင်ပိတ်သိမ်းမှုနာများ ပြုလုပ်ခဲ့ပြီး ပုဂ္ဂလိကသတင်းဌာနများနှင့် သတင်းသမားများ လုံးဝ ရပ်တည်မရနိုင်စေရန် အပြင်းထန်ဆုံးနှင့် အဆိုးရွားဆုံး ဖိနှိပ်ကန့်သတ်မှုများ လုပ်ဆောင်ခဲ့သည်။

ဆက်ဖတ်ရန်…